Published 21 August 2022

ဉာဏ်ရည်တုနည်းပညာနှင့်ပြုလုပ်ထားတဲ့ ဟိုလိုဂရပ်ဖစ် သုံးဖက်မြင်ရုပ်လုံးကြွ ဗွီဒီယိုနည်းပညာရဲ့ကျေးဇူးကြောင့် ယခုဆိုရင် သေဆုံးသွားတဲ့ အမျိုးသမီးကြီးဟာ သူမရဲ့ အသုဘအခမ်းအနားမှာ ကြေကွဲဝမ်းနည်းနေကြသူတွေနှင့် စကားပြောဆိုနိုင်ပြီဖြစ်ပါတယ်။

မာရီနာစမစ် အမ်ဘီအီးဟာ ပြီးခဲ့တဲ့ဇွန်လက အသက် ၈၇နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ဇူလိုင် ၂၉ရက်က နော်တင်ဟမ်မြို့ ဘေဝေါ့တ်ရွာမှာကျင်းပတဲ့ သူမရဲ့ အသုဘအခမ်းနားမှာ ဟိုလိုဂရမ်အဖြစ် သူမဟာ ပေါ်လာခဲ့ပါတယ်။

ဟောလိုကော့စ် သင်ကြားပေးသူတစ်ဦဖြစ်တဲ့ မစ္စစ် စမစ်ဟာ သူ့ဘဝဇာတ်ကြောင်းနှင့် ယုံကြည်သက်ဝင်မှုတွေ ကို အကျဉ်းချုပ်ပြောပြပြီးတဲ့နောက် အသုဘအခမ်းအနားတက်ရောက်လာတဲ့ မိသားစုဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။

ယခုနည်းပညာကို ဒီတစ်ပတ်ထဲမှာ ယူကေ မှာ သုံးနိုင်တော့မှာဖြစ်ပြီး မစ္စစ်စမစ်ရဲ့သားဖြစ်သူ လော့စ်အင်ဂျလိအခြေစိုက် AI ဉာဏ်ရည်တုကုမ္ပဏီဖြစ်တဲ့ စတိုရီဖိုင် ရဲ့ စီအီးအို ဒေါက်တာ စတက်ဖင် စမစ်က တီထွင်ဖန်တီးခဲ့တာပါ။

ဟိုလိုဂရမ်ဟာ ကြေကွဲဝမ်းနည်းသူတွေကို တုန်လှုပ်သွားစေပြီး  မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် အတူရိုးသားစွာဖြေကြားခဲ့တယ်လို့ ဒေါက်တာစမစ်က ပြောပါတယ်။

သူမကို သင်္ဂြိုဟ်ပြီးတဲ့နောက် ပူဆွေးနေကြတဲ့ ဆွေမျိုးသားချင်းတွေရဲ့ မေးခွန်းတွေကို  မိခင်ကြီးက ဖြေကြားပေးခဲ့တယ်လို့ ဒေါက်တာစမစ်က တယ်လီဂရပ် သတင်းစာကိုပြောပါတယ်။

 ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာက သူမဟာ မေးခွန်းတွေကို အသေးစိတ်အချက်အလက်အသစ်တွေနှင့် ရိုးသားစွာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ သူတိုဲ့့အချက်အလက်တွေ သိမ်းဆည်းတဲ့အခါ လူတွေက ရဲဆေးတင်ပြောနေရသလိုခံစားကြရတယ်။ ကျန်ရစ်သူတွေဟာ  ကွယ်လွန်သွားကြတဲ့ သူတို့ချစ်ရသူတွေဆီက ပိုပြီးလွတ်လပ်စစ်မှန်တဲ့ ပုံစံမျိုး ရရှိကြရမယ်” လို့ သူက ပြောပါတယ်။

“စတိုရီဖိုင်း” ဟာ တစ်ခုနှင့်တစ်ခုချိတ်ဆက်အချိန်ကိုက်လှုပ်ရှားကြတဲ့ ကင်မရာ အလုံး (၂၀)ဥိုအသုံးပြုပြီး မေးခွန်းတွေ တသီတသန်းကြီးကိုဖြေကြားတာကိုဖမ်းယူခဲ့ကြပြီးနောက် ဒစ်ဂျစ်တယ်ပုံပွားတစ်ခု ဖန်တီးယူခဲ့ပါတယ်။

အဲဒီနောက်ပညာရှင်တွေဟာ ရိုက်ကူးထားတဲ့ ရုပ်သံတွေ၊အသံကလစ်တွေကို နည်းစဉ်ဖြင့်ထုတ်လုပ်စီမံပါတယ်။ အဲဒီနောက် မေးခွန်းတွေကို သဘာဝစကားနှင့် မေးခွန်းတွေဖြေနိုင်အောင် အဲဒါကိုသုံးပြီး အေအိုင်(ဉာဏ်ရည်တု)ကို လေ့ကျင့်ပေးပါတယ်။

ရရှိလာတဲ့ ထုတ်ကုန်ရလာဒ်ကို စတိုရီဖိုင်ပလက်ဖောင်းပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် လူတစ်ဦးဦးဟာ ကွယ်လွန်သွားပြီးတဲ့နောက် လူတွေနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ပါတယ်။

နည်းပညာက တကယ်ပကတိအချိန်မှာပြောဆိုနေသလိုဖြစ်‌အောင် ဖန်တီးပေးထားတဲ့အတွက် အသုဘလာပို့ကြသူတွေဟာ သူတို့ချစ်ရသူတွေနှင့် စကားပြောဆိုနိုင်တာဖြစ်ပါတယ်။

သူ့မိခင်ဟာ သူ့မရဲ့အသုဘမှာ ကလေးဘဝတုန်းက သူမအကြောင်းတွေကို ပြောသွားတယ်လို့ ဒေါက်တာစမစ်ကပြောပါတယ်။

ပြောသွားတဲ့အထဲမှာ သူမရဲ့မိဘတွေ ကွာရှင်းပြတ်စဲသွားကြပြီး အိန္ဒိယကလာတဲ့ ရွှေ့ပြောင်းလာသူတွေအဖြစ်နေခဲ့ရတဲ့ ခက်ခဲတဲ့ခေါင်းစဉ်အကြောင်းအရာတွေလည်းပါဝင်တယ်လို့ ဒေါက်တာစမစ်ကဆက်ပြောပါတယ်။

“ ပြီးတော့ အမေဟာ နိုင်ငံရေးအပေါ်သူမရဲ့သဘောထား၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အနာဂတ်လိုမျိုး အင်မတန်   စိတ်ဝင် စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်း ဖြေဖို့ပြင်ဆင်ခဲ့တယ်။ဘာဖြစ်လို့စိတ်ဝင်စားရတာလဲဆိုရင် အမေက ကျွန်တော့်ကို အဲဒီအကြောင်းအရာတွေ တစ်ခါမှ မပြောဖူးလို့ပါ” လို့ သူကပြောပါတယ်။

Source: DailyMail

#Marina_Smith

#Dr_smith_hologram_AI

#StroyFile