Published 17 August 2022

အင်္ဂလိပ်ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်ကို ဝယ်မည်ဟု သူပြောခဲ့ခြင်းမှာ နောက်ပြောင်းခြင်းသက်သက်သာ ဖြစ်တယ်လို့ ဘီလျံနာ အီလွန်မတ်စ်က ပြောပြန်ပါတယ်။

“ မဟုတ်ပါဘူးဗျ။ ဒါဟာ အကြာကြီးနောက်ပြောင်လာခဲ့တာတစ်ခုပါ။ ကျွန်တော် ဘယ်အားကစားအသင်းတစ်ခုကိုမှ မဝယ်ပါဘူး” လို့ တွစ်တာသုံးသူတစ်ဦးက “ ခင်ဗျား ဝယ်ဖို့ တကယ့်ကိုစိတ်ဝင်စားနေတာလား” လို့အမေးကို သူက တွစ်တာမှာ ပြန်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

ခပ်စောစောပိုင်း နိုင်ငံတကာသတင်းတွေမှာ အီလွန်မတ်စ်ဟာ မန်ယူကို ဝယ်တော့မှာဖြစ်တယ်လို့ တွစ်တာမှာရေးတဲ့ အကြောင်း သတင်းထူးအဖြစ်ဖော်ပြခဲ့ကြပါတယ်။ (YMG တွင်ဖော်ပြပြီး)

Source Reuters

#Elon_Musk

#Elon_Musk_Manchester_United