#Covid_Vaccine
Published 17 August 2022

 

ဗြိတိန်နိုင်ငံဟာ ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးအသိအမှတ်ပြုလိုက်တဲ့ နိုင်ငံဖြစ်တဲ့အပြင် အခုလည်း အိုမီခရွန်မျိုးဗီဇကွဲနဲ့ မူလကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးကို ပထမဆုံးအနေနဲ့ အသိအမှတ် ပြုလိုက်ပါပြီ။

 

အမေရိကန် ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ မိုဒါနာရဲ့ ကာကွယ်ဆေးကို ယူကေဆေးဝါးကွပ်ကဲရေး(MHRA)အဖွဲ့က အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် ထိုးနှံခွင့်ပြုလိုက်ပါတယ်။

 

ယူကေကာကွယ်ဆေးထိုးနှံရေးကော်မတီ(JCVI)က စက်တင်ဘာလကစပြီး အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်မှာ အဆိုပါကာကွယ်ဆေးကိုအသုံးပြုဖို့ ထောက်ခံလိုက်ပါတယ်။

 

လက်တွေ့စမ်းသပ်မှုရလာဒ်များအရ ထိုအားမြှင့်ကာကွယ်ဆေးက အိုမီခရွန် BA.1 နဲ့ မူလဗိုင်းရပ်စ်တို့ကို ကောင်းစွာခုခံပေးနိုင်တာကြောင့် MHRA က မိုဒါနာကာကွယ်ဆေးကို ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

 

ဇွန်လက စမ်းသပ်မှုရလာဒ်များမှာ မိုဒါနာကာကွယ်ဆေးကို စတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့် အိုမီခရွန်ကိုခုခံနိုင်မယ့် ပဋိပစ္စည်းများ ၈ ဆပိုများလာကြောင်း ကြေညာခဲ့ပါတယ်။

 

လက်ရှိပျံ့ပွားနေတဲ့ အိုမီခရွန်မျိုးကွဲများဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကိုလည်း တုံ့ပြန်ကာကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ကြောင်း သုံးသပ်ထားပါတယ်။

 

မိုဒါနာကာကွယ်ဆေးအသစ်နဲ့ပတ်သက်လို့ ဘေးအန္တရာယ်ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိထားပါဘူး။

 

လက်ရှိ ကိုဗစ်ကာကွယ်ဆေးတွေက ဆေးရုံတက်ကုသခံယူရခြင်းနဲ့ အသက်သေဆုံးနိုင်ချေတို့ကို ထိရောက်စွာကာကွယ်ပေးနိုင်ပေမယ့် ဗိုင်းရပ်စ်ဗီဇပြောင်းလဲလာတာနဲ့အမျှ ထိရောက်မှုကျဆင်းလာပါတယ်။


အခုကာကွယ်ဆေးကတော့ ဗိုင်းရပ်စ်ဗီဇပြောင်းလဲလာခြင်းကိုပါ ကာကွယ်ပေးနိုင်မယ့် အစွမ်းထက်လက်နက်ဖြစ်ကြောင်း MHRA အမှုဆောင်ချုပ်'ဂျွန်ရိန်း'က ထုတ်ပြန်လိုက်ပါတယ်။

 

ဒါပေမဲ့ ဗိုင်းရပ်စ်ကလည်း ဒီအတိုင်းဆက်ရှိနေမှာမဟုတ်ဘဲ အိုမီခရွန်ခုခံအားကြောင့် ထပ်မံဆင့်ကဲလာဖွယ်ရှိနေပါတယ်။

 

Source: Reuters
#Yangon_Media_Group