Published- 10 August 2022

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ချားလ်ဒီဂေါလေဆိပ်ထဲမှာ ဓားတစ်ရမ်းရမ်းနှင့် သောင်းကျန်းနေတဲ့ အမျိုးသားတစ်ဦးကို ရဲက ပစ်သတ်လိုက်တယ်လို့ ရဲနှင့်လေဆိပ်သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။

“အရာရှိတွေဟာ ရွိုင်ဆီချားလ်ဒီဂေါလေဆိပ်ထဲမှာ ဓားကိုင်ဆောင်ထားပြီး ခြိမ်းခြောက်နေတဲ့ လူတစ်ဦးကို ရှင်းပစ်ခဲ့ပါတယ်” လို့ ပါရီရဲဌာနက တွစ်တာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

မနက် ၈နာရီ ၂၀မိနစ် မှာ အလုပ်များပြားနေတဲ့ လေဆိပ်အဆောက်အဦ 2F မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာလို့ လေဆိပ်သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။ အိမ်ရာမဲ့တစ်ဦးဟာ လုံခြုံရေးတွေကို စပြီး စိတ်အနှောက်အယှက်ပေးခဲ့ပါတယ်။ အဲဒါကြောင့် နယ်စပ်ရဲတွေကို ခေါ်ပြီး သူ့ကိုဆွဲထုတ်ခိုင်းခဲ့ပါတယ်။

အစပထမပိုင်းမှာတော့ အဲဒီသူက အော်ဟစ်ပြီး ထွက်သွားခဲ့ပါတယ်။ဒါပေမယ့် သိပ်မကြာပါဘူး။ သူဟာ ဓားတစ်ချောင်းနှင့်ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ရဲအရာရှိထဲက တစ်ဦးက သူ့ဓားကို သေနတ်နှင့်ပစ်လိုက်ပါတယ်။

ဓားရမ်းနေတဲ့ အဲဒီလူမည်း လူထွာကြီးဟာ ရဲကို ဓားနှင့်ခုတ်မယ့်ပုံပဲ လို့ အဲဒီနေရာရောက်နေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံဆရာကပြောပါတယ်။

“ သူ့ကိုရပ်ဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် သူက ရဲတွေဆီတိုးကပ်လာတယ်။ အဲဒါနှင့် အရာရှိက သေနတ်တစ်ချက်ပစ်လိုက်တယ်” လို့ သူကပြောပါတယ်။

အဲဒီလဲကျသွာတဲ့သူကို လူနာထမ်းစင်နှင့် ခပ်မြန်မြန်တင်ထုတ်သွားတယ်လို့ ဓာတ်ပုံဆရာက ဆက်ပြောပါတယ်။

၂၀၁၅ခုနှစ်ကစပြီး ဂျီဟတ်တွေသတ်ပစ်လို့ သေဆုံးသူပေါင်း ၂၅၀ကျော်ရှိလာကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေနှင့်ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့တွေက မြင့်မားတဲ့ တပ်လှန့်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

Source-AFP

#Charles_de_Gaulle_airport

#France_ Charles_de_Gaulle

#Airport_Knife_man_shot_dead