#World_Health
Published 5 August 2022

 

အိုမီခရွန်မျိုးဗီဇကွဲက အရင်ကိုရိုနာဗိုင်းရပ်စ်တွေထက်စာရင် ကလေးတွေရဲ့နှာခေါင်းကနေ ပိုမိုကူးစက်ဝင်ရောက်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ကပ်ရောဂါအစပိုင်းမှာတော့ ဗိုင်းရပ်စ်ဟာ လူကြီးတွေရဲ့နှာခေါင်းထက်စာရင် ကလေးတွေရဲ့နှာခေါင်းကနေ ဝင်ရောက်နိုင်ချေပိုနည်းခဲ့တာဖြစ်ပါတယ်။

 

အဲဒီတုန်းက ကလေးတွေရဲ့နှာခေါင်းတလျှောက်ကဆဲလ်တွေမှာ ရောဂါခုခံအားက ပိုမိုအားကောင်းနေပြီး ဗိုင်းရပ်စ်မျိုးပွားဖို့ အလွန်ခက်ခဲပါတယ်။

 

ဒါပေမဲ့ ကျန်းမာတဲ့ကလေး ၂၃ ဦးနဲ့ ကျန်းမာတဲ့လူကြီး ၁၅ ဦးတို့ထံမှ နှာခေါင်းဆဲလ်တွေကိုရယူပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပေါင်းစပ်စမ်းသပ်တဲ့အခါမှာတော့ ကလေးတွေရဲ့နှာခေါင်းဆဲလ်တွေထဲက ရောဂါပိုးခုခံနိုင်စွမ်းဟာ အိုမီခရွန်ကိုကာကွယ်ရာမှာ သိသိသာသာအားနည်းနေခဲ့ပါတယ်။

 

ဒီတွေ့ရှိချက်ကို PLOS Biology မှာ တနင်္လာနေ့က ဖော်ပြခဲ့ကြပါတယ်။

 

အိုမီခရွန်မျိုးဗီဇကွဲက အရင်ဗိုင်းရပ်စ်တွေနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတိုထက်စာရင် ကလေးတွေရဲ့နှာခေါင်းဆဲလ်တွေထဲမှာ ပိုပြီးပွားများနိုင်ကြောင်း ဖော်ပြထားပါတယ်။

 

အိုမီခရွန်ကူးစက်မှုလှိုင်းကာလအတွင်း ကလေးသူငယ်တွေမှာ ကူးစက်မှုမြင့်မားလာခြင်းကလည်း အဆိုပါတွေ့ရှိချက်နဲ့ ကိုက်ညီနေကြောင်း သုတေသီများဖော်ပြခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group