Published 31 July 2022

အမေရိကန်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ကမ္ဘာတွင် အများဆုံးအဖြစ် ၁၂၈၉ဦးထိ မြင့်တက်လာ

အမေရိကန်ပြည်ထောင်စု နယူးယောက်စီတီးမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူတွေဟာ ဇူလိုင် ၂၉ရက်အထိ စုစုပေါင်း ၁၂၈၉ ဦးရှိသွားပြီဖြစ်ပြီး ရောဂါပျံ့နှံ့ကူးစက်နေမှုအပေါ် အမေရိကန်ရဲ့ ချည်းကပ်နေမှုအပေါ် စိတ်ပျက်မှုတွေ တိုးပွားလာနေပါတယ်။

ယခုအခါ အမေရိကန်ပြည်ထောင်စုဟာ တစ်ကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာပါတယ်။

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအပေါ် နိုင်ငံက အိပ်မောကျရင်းလမ်းလျှောက်နေသလို လုပ်နေတာတွေကြောင့် ရွေးကောက်ခံအရာှရှိတွေကို အိပ်နေရာက နိုးထကြဖို့ နယူးယောက် ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

“ ကျွန်တော်တို့ တောင်းဆိုနေတာက ပိုပြီးကောင်းမွန်ပြီး အဓိပ္ပါယ်ရှိတဲ့ ကမ်းလင့်ထောက်ကူမှုတွေ၊ ထိရောက်တဲ့ အရေးပေါ် ကုသမှုတွေ၊စမ်းသပ်မှုတွေနှင့် ကာကွယ်ဆေးထိုးနှံမှုတွေပြုလုပ်ပေးဖို့ပဲဖြစ်တယ်။ အဲဒါတွေကို မနေ့ကတည်းက လုပ်သင့်ခဲ့ကြတာ” လို့ Act Up New York (အက်သ်အပ် နယူးယောက်) အဖွဲ့က လှုပ်ရှားတက်ကြွသူတစ်ဦးဖြစ်တဲ့ ဂျေဆန် ရိုဆန်ဘတ်က ပြောပါတယ်။

TPOXX (တီပေါ့)  လို မျောက်ကျောက်ရောဂါ ကုသမှုတွေကို ပိုမိုရရှိစေဖို့အတွက် အမတ်တွေကို ကြိုးနီစနစ်တွေ ဖြတ်တောက်ပစ်ကြဖို့  ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ ဖက်ဒရယ်အစိုးရကတော့ ကာကွယ်ဆေးပေါင်း သုံးသိန်း ဖြန့်ပြီးထားပါ။ဒါပေမယ့် ဒီထက်ပိုပြီးကာကွယ်ဆေးထိုးနှံပေးဖို့ တောင်းဆိုမှုတွေက ကြီးထွားလာနေတာဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုအပေါ် အစိုးရရဲ့တုန့်ပြန်ချက်အပေါ် စိတ်ပျက်မှုတွေရှိနေပေမယ့်  အကူအညီတွေပိုပေးဖို့ စီစဉ်ထားတယ်လို့ အရာရှိတွေက ပြောနေကြပါတယ်။ နောက်ထပ် မျောက်ကျောက် ကာကွယ်ဆေးပေါင်း ခုနှစ်သိန်း ခြောက်သောင်းကျော်ကို အမေရိကန်ကိုပို့ပေးခဲ့ပြီးပါပြီ။ အုပ်ချုပ်ရေးမှူး ကေသီဟိုချူးက နယူးယောက်အနေနှင့် မျှတတဲ့ခွဲတမ်းရဖို့ အသေအချာရဖို့လိုတယ်လို့ ပြောနေပါတယ်။

မျောက်ကျောက်ရောဂါဟာ နီးကပ်စွာထိတွေ့ဆက်ဆံမှုက ကူးစက်ပြီး လူတိုင်းကို အကျိုးသက်ရောက်စေနိုင်ပါတယ်။  လိင်တူဆက်ဆံကြတဲ့ အမျိုးသားတွေမှာ ကူးစက်မှုတွေက ပိုများနေပါတယ်။

မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာနေတဲ့အလျောက် LGBTQ+ တွေ အများစုလာကြတဲ့ ဘားတွေမှာ လူတွေအလာကျဲသွားပါတယ်။

နယူးယောက်စီတီးဟာ  မျောက်ကျောက်ရောဂါနှင့်ပတ်သက်တဲ့ သတင်းလွှာတွေကို ဒီလိုလုပ်ငန်းတွေကိုပေးထားပြီး ဖြန့်ချိပေးဖို့ပြောထားပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ အစိုးရအနေနှင့် ဒီ့ထက်ပိုပြီး လေးနက်တဲ့ အရေးယူလုပ်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ မျှော်လင့်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ် ။

Source CCTV Plus

#US_Monkeypox

#Monkeypox_outbreak

#Health