Published 31 July 2022

ကြီးမားလှတဲ့ တရုတ် ဒုံးပျံက အရှိန်မြှင့် ဒုံးစက်ရဲ့ ကြွင်းကျန်တဲ့ အပိုင်းအစတွေဟာ စနေနေ့ က ကမ္ဘာမြေရဲ့ အိန္ဒိယ သမုဒ္ဒရာ အပေါ် ပျက်ကျခဲ့တယ်လို့ အမေရိကန်နှင့် တရုတ် အာကာသအရာရှိတွေက ပြောကြပါတယ်၊

ဒုံးပျံ Long March 5B  ရဲ့ ၂၅.၄ တန်ချိန်ရှိတဲ့ အပျက်အစီးတွေဟာ ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းက ပင်လယ်ပေါ် ထိုးကျခဲ့ တယ်လို့ တရုတ်နိုင်ငံ အာကာကသခရီးစဉ်အေဂျင်စီက ပြောပါတယ်။ လေထုထဲပြန်လည်ဝင်ရောက်လာတဲ့အခါ အပျက်အစီးတွေအများစုဟာ လောင်ကျွမ်းသွားကြတယ်လို့လည်း  အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြထား ပါတယ်။

“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ သူတို့ရဲ့ Long March 5B  ဒုံးပျံ ပျက်ကျရာလမ်းကြေင်းနှင့် ပတ်သက်တဲ့ သတင်း အချက်အလက်ကို  မျှဝေပေးခြင်းမရှိခဲ့ဘူး” လို့ အမေရိကန်နာဆာအုပ်ချုပ်ရေးမှူး ဘီလ်နယ်ဆင်က သတင်းထုတ်ပြန်ပါတယ်။

အာကာသလုပ်ငန်းလုပ်နေတဲ့ နိင်ငံတွေဟာ အကောင်းဆုံးအလေ့အထတွေကို လိုက်နာပြီး အထူးသဖြင့် လူ့အသက်အိုးအိမ် အန္တရာယ်မြင့်မားတဲ့ Long March 5 လို ယာဉ်တွေရဲ့ အပျက်အစီးအစိတ်အပိုင်းတွေနှင့် ပတ်သက်တဲ့ သတင်းအချက်အလက် တွေကြိုတင်မျှဝေပေးသင့်တယ် လို့လည်း သူကပြောပါတယ်။

တရုတ်ကတော့ ဒီလိုအပျက်အစီးအစိတ်အပိုင်းတွေကိစ္စ အနောက်ရဲ့ စိုးရိမ်ပူပန်မှုကို ပယ်ချလိုက်ပါတယ်။ ဒါဟာ နာမည် ဖျက်ချင်တာသက်သက်လို့လည်းတုန့်ပြန်လိုက်ပါတယ်။

The Long March 5B ဒုံးပျံကို  တရုတ်ရဲ့ တည်ဆောက်ဆဲTiangong အာကာသယာဉ်အတွက် လေးလံလှတဲ့ မော်ဒျူးတစ်ခုကို သယ်ဆောင်ပြီး ဇူလိုင် ၂၄ရက်က လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ တရုတ်ရဲ့ ပါဝင်မှုကို အမေရိကန်က တားဆီးပိတ်ပင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဟာ ကိုယ်ပိုင် အာကာသစခန်းကို တည်ဆောက်ခဲ့ပါတယ်။

#Source_Bloomberg

#Long_March_5B  

#China_Rocket_Debris

#Space_race