Published 31 July 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ စနေနေ့ မနက်မှာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ ပေါ့စတစ်အဖြေထွက်ခဲ့တယ်လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ ကီဗင် အိုကော်နာက စာထုတ်ပြန်ပါတယ်။ ဒီလို ထပ်မံကူးစက်မှုတွေ့ရတာဟာ ပြန်ကန်"rebound" ကူးစက်မှုဖြစ်နိုင်ကာ ပက်လိုဗစ်ဆေးနှင့်ကုသတဲ့ လူနာတွေထဲက  ရာခိုင်နှုန်းအနည်းငယ်ဆီမှာ ဒီလို ပြန်ကန်ကူးစက်မှုမျိုး တွေ့ရတတ်တယ်လို့လည်း ဒေါက်တာကပြောပါတယ်။

ဘိုင်ဒင်ဟာ ရောဂါလက္ခဏာပြန်ပေါ်ပေါက်တာမျိုးမရှိဘဲ နေထိုင်ကောင်းနေတယ်လို့လည်း ဆရာဝန်ကပြောပါတယ်။

ဘိုင်ဒင်ဟာ  ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းက စစ်ဆေးရာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီး နေ့စဉ်ဆက်လက် စစ်ဆေးရာမှာ  ဗုဒ္ဓဟူးနေ့မနက်၊ကြာသပတေးနေ့မနက်နှင့် သောကြာနေ့မနက်တွေမှာလည်း နဂ္ဂတစ် အဖြေပဲထွက်ခဲ့ပါတယ်။ စနေမနက်ထပ်စစ်တော့မှ ပေါ့စတစ်အဖြေ ပြောင်းထွက်ခဲ့တာဖြစ်ပါတယ်။

“ သူနေကောင်းပေမယ့် ပေါ့စတစ်ထွက်ထားလို့ သူ့ကို တင်းကြပ်တဲ့ သီးသန့်ခွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ပြန်လည် ထားရှိမှာဖြစ်တယ်” လို့ ဒေါက်တာကပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဘိုင်ဒင်ငဟာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီးနောက် သူဟာ သီးသန့်ခွဲနေတာတွေရပ်တန့်ခဲ့ပါတယ်။  အိမ်ဖြူတော် နှင်းဆီဥယျဉ်မှာတောင် သူပြန်လာတဲ့ အထိမ်းအမှတ် လုပ်ခဲ့ပါသေးတယ်။

Source: CNN

#Biden_Covid_Rebound_Infection

#Biden_Covid_positive _again