Published 31 July 2022

အသက်၆နှစ်သား အစ်ကိုဖြစ်သူက ၅ နှစ်သမီး နှမကလေးကို သေနတ်ဖြင့် မတော်တဆပစ်မိပြီး နှမဖြစ်သူသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်အတွက် မိဘနှစ်ပါးကို မသိကျိုးကျွန်ပြုမှုဖြင့် အမှုဖွင့်ထားရာ ထောင်ဒဏ် အနှစ်၄၀ အထိကျခံရဖွယ် ရှိနေပါတယ်။

ဇူလိုင် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ် ဒယ်လာဝဲ ခရိုင်က အိမ်တစ်အိမ်မှာ အသက်၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ပစ်ခံရကြောင်း သတင်းပို့ချက်အရ ရဲတွေ အပြေးအလွှားသွားရောက်ခဲ့ရပါတယ်။

အမည်မဖော်ပြလိုတဲ့ အဲဒီနှမငယ်ကလေးကို ရရှိဒဏ်ရာတွေနှင့် ဆေးရုံကိုပို့ဆောင်တဲ့အခါ ဆရာဝန်တွေက သေဆုံးခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။

ကလေးနှစ်ဦးရဲ့ မိဘတွေဟာ အသက်၂၈နှစ်အရွယ် ဖခင် ဂျက်ကော့ကာတစ် ဂရေဆန်နှင့် အသက် ၂၇နှစ်အရွယ်မိခင်ဖြစ်သူ ကင်ဘာလေ ဒန်နီယယ်ဂရေဆန်တို့ဖြစ်ကြပါတယ်။

သူတို့ရဲ့သားဖြစ်သူဟာ  မီးခံသေတ္တာထဲမှာ မောင်းတင်ထားပြီးသား သေနတ်ကိုတွေ့တဲ့အတွက် သူ့ရဲ့နှမကလေးဖြစ်သူကို မတော်တဆပစ်မိခဲ့တာ ဖြစ်တယ်လို့  Muncie Star Press သတင်းစာကရေးသားပါတယ်။

အဲဒီမီးခံသေတ္တာထဲမှာ မောင်းတင်ပြီးသား သေနတ်နှစ်လက်ကို သိမ်းထားတာဖြစ်တယ်လို့ ဂျက်ကော့ နှင့် ကင်ဘာလီတို့က ရဲတွေကို စစ်ဆေးမေးမြန်းစဉ် ပြောပါတယ်။

အမေအိပ်ပျော်နေတုန်း သေနတ်ကိုထုတ်ယူသွားတာဖြစ်ပြီး မီးခံသေတ္တာ သော့ပေါက်မှာသော့တန်းလန်းနှင့်လို့ ရဲတွေက ပြောပါတယ်။

သူတို့ရဲ့သားကို သေနတ်ပစ်ကွင်းခေါ်သွားဖူးပြီး ကလေးငယ်ဟာ သေနတ်ဘယ်လိုပစ်ရတယ်ဆိုတာ သိနေတယ်လို့ သူတို့ကပြောပါတယ်။

အိမ်နံရံမှာ မစင်တွေပေကျံနေတာကိုလည်း ရဲတွေက တွေ့ပါတယ်။

သူတို့နေထိုင်မှုအခြေအနေဟာ အင်မတန်မနှစ်မြို့ဖွယ်ဖြစ်တယ်လို့လည်း ရဲတွေကပြောပါတယ်။

အိမ်တစ်အိမ်လုံးမှာလည်း အမှိုက်ပုံးနှင့် ပရိဘောဂတွေ ဖွာလျံကြဲနေတာကိုလည်းရဲကတွေ့ပါတယ်။

အဲဒီအပြင် ကလေးတွေရဲ့ အိပ်ရာခင်းတွေဟာလည်း ညစ်ပတ်စွန်းထင်းနေတာလို့ ရဲတွေကပြောပါတယ်။

ဂျက်ကော့နှင့်ကင်ဘာလေတို့ကို မှီခိုသူတွေကိုသေစေတဲ့  မသိကျိုးကျွန်ပြုကျင့်မှုနှင့် တရားစွဲထားပါတယ်။

အဲဒီအပြင် လျစ်လျူရှုမှု(၃)မှုနှင့်လည်း ထပ်တရားစွဲထားပါသေးတယ်။

ကင်ဘာလေကို ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပြီး ဂျက်ကော့ကိုတော့ ဒေါ်လာ ၆၅၀၀၀ အာမခံနှင့် ပြန်လွှတ်ပေးထားတယ်လို့ ဒယ်လာဝဲခရိုင်ရဲဌာနက ပြောပါတယ်။

#Source_NY Post

#Boy_accidentally_shot_sisiter

#Jacob_Kimberly

#US_Crime_story