Published 29 July 2022

သောကြာနေ့မှာ ဖွင့်မဲ့ အမေရိကန်ထီဆုငွေဟာ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလျံအထိရှိလာလို့ ကံကောင်းတဲ့ စတိုးဆိုင်လို့ နာမည်ကြီးနေတဲ့ ကာလီဖိုနီးယားက 7-ELEVEN စတိုးဆိုင်တစ်ဆိုင်မှာ ထီထိုးမယ့်လူအုပ်ကြီးနှင့် ပြည့်နေပါတယ်။

အဲဒီဆိုင်မှာ ကာလီဖိုနီးယား ချီနိုဟေးလ် Chino Hills က ဖြစ်ပြီး လွန်ခဲ့တဲ့ (၆)နှစ်က   အဲဒီဆိုင်မှာ ဒေါ်လာ ၁,၆ ဘီလျံဆုငွေရှိတဲ့ ထီဆုကြီး ပေါက်ခဲ့ပါတယ်။ အဲဒီနောက် လူတွေက အဲဒီဆိုင်ကို တစ်ကမ္ဘာလုံးမှာ ကံအကောင်းဆုံး 7-ELEVEN ဆိုင်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ် ဇန်နဝါရီလတုန်းက အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံခန့် ရှိတဲ့ ထီဆုငွေကို အဲဒီဆိုင်မှာ ထိုးတဲ့လူတစ်ယောက်ဟာ အခြား လူနှစ်ဦးနှင့်အတူ ဂဏန်းခြောက်လုံး မှန်ပြီး ထီပေါက်ခဲ့ကြကာ ဆုငွေကို ခွဲဝေယူခဲ့ကြပါတယ်။

အဲဒါကြောင့် ကာလီဖိုနီးယားက 7-ELEVEN ဆိုင်ကို အဝေး အနီးက လူတွေဟာ အပင်ပန်းခံလာရောက်ကြပြီး  ကံနှစ်ခါကောင်းနိုင်တယ် ယုံကြည်ကြပြီး ကြာသပတေးနေ့က တန်းစီပြီး ထီလာထိုးနေကြပါတယ်။

“ ဒီဆိုင်က ကံကောင်းတဲ့ဆိုင်ဗျ။ ကျွန်တော့်အတွက်လည်း ကံကောင်းမယ်လို့ မျှော်လင့်တာပြ”လို့ ထီလာထိုးသူတစ်ဦးဖြစ်တဲ့ ဗစ်ဂျိုဆိုင်းက ပြောပါတယ်။

အဲဒီဆိုင်ပိုင်ရှင် ဘာဘီယာအက်ဝဲလ်ဟာ ဒီဆိုင်ကို ဆယ်စုနှစ်သုံးစုကျော်ကြာ ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆိုင်မှာလာထိုးသူ ထီဆုကြီးပေါက်ပြီးနောက် ၂၀၁၆ ကစပြီး ဆိုင်ဟာ တစ်ချိုးတစ်ကွေ့ပြောင်းခဲ့ပါတယ်။

“ ဂျက်ပေါ့က တန်ဖိုးကြီးလာတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကလူတွေ အများကြီးလာပြီး ထီထိုးကြတာပဲ” လို့ သူကပြောပါတယ်။

“အခြားမြို့ကလူတွေတောင်လာပြီးထီထိုးကြတယ်။ လာ့စ်ဗီဂက်စ်လိုနေရာမျိုးကတောင် ဒီကိုလာကြတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒစ်စနေလန်းကိုလာတဲ့သူတွေကလည်း သူ့ဆိုင်ကို လာလာကြည့်တတ်ကြတယ်လို့လည်း သူကပြောပါတယ်။ သူ့ဆိုင်နှင့် နာမည်ကျော် အပန်းဖြေဥယျဉ်ကြီးဟာ မိုင် ၂၀ပဲဝေးတာဖြစ်ပါတယ်။

ဒီကိုလာသူတွေဟာ အထူးသဖြင့် ထီလာထိုးကြသူတွေဖြစ်ပေမယ့် ထီလာထိုးရင် အခြားပစ္စည်းပစ္စယတွေလည်း ဝယ်တတ်ကြလို့ သူအတွက်ကအတော့်အတော်စီးပွားဖြစ်နေတယ်လို့ သိရပါတယ်။

#Source_AFP

#US_Lotttery

#LUCKIEST_7-ELEVEN_IN_THE_WORLD

#Jackpot_1.02_Billion