Published 16 July 2022

သတင်းစာဆရာ ဂျာမေးလ်ခါရှိုဂီကို သတ်ဖြတ်တဲ့ကိစ္စလို အမှားတွေကို ဆော်ဒီအာရေဗျအနေနှင့် တားဆီးဖို့ ဆောင်ရွက်ခဲ့တယ်။ဒါပေမယ့် အမေရိကန်ကလည်း  အီရတ်ကိစ္စ အပါအဝင် အမှားတွေလုပ်ခဲ့တာပဲလို့  ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောခဲ့တယ်လို့ ဆော်ဒီအရာရှိတစ်ဦးရဲ့ ပြောစကားအရသိရပါတယ်။

ရိုက်တာကိုပေးပို့တဲ့ ခေါင်းဆောင်နှစ်ဦး သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနှင့်ဆိုင်တဲ့ သတင်းထုတ်ပြန်ချက်မှာ အခြားနိုင်ငံတွေကို အချို့တန်ဖိုးတွေ အတင်းအဓမ္မ သွတ်သွင်းတာဟာ ရလဒ်ပြောင်းပြန်ဖြစ်သွားနိုင်တယ်လို့ ဆော်ဒီဘုရင့်နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်က ပြောကြားခဲ့တဲ့အကြောင်း ဖော်ပြပါရှိပါတယ်။

မင်းသား မိုဟာမက်က  အနောက်ဘက်ကမ်းခြေကို အစ္စရေးတွေ ဝင်ရောက်စီးနင်းစဉ်က ပါလက်စတိုင်း-အမေရိကန် သတင်းစာဆရာ ရှီရင်း အာဘူအက်လက် အသတ်ခံရတာကိုပါ ပြောဆိုခဲ့ပြီး အီရတ်က အာဘူဂရက် အကျဉ်းထောင်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ အဲဒီတစ်နှစ်တည်းမှာပဲ ကမ္ဘာ့အခြာနေရာတွေမှာ အခြားသတင်းစာဆရာတွေ အသတ်ခံရတဲ့ ဝမ်းနည်းစရာ အဖြစ်တွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် အာဘူဂရက် အကျဉ်းထောင်ဖြစ်ရပ်လိုမျိုး အမှားတွေ အများကြီး ကျုးလွန်ခဲ့တယ်” လို့ အိမ်ရှေ့မင်းသားကပြောပါတယ်။

“ ကမ္ဘာ့အခြားနိုင်ငံတွေ အထူးးသဖြင့် အမေရိကန်နှင့် ဆော်ဒီတို့ဟာ နှစ်ဘက်သဘောတူထားတဲ့ တန်ဖိုးတွေကို အတူတူ မျှဝေကြမှာဖြစ်ပြီး သဘောမတူတဲ့ တန်ဖိုးတွေလည်ရှိနေတာဖြစ်တယ်”လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ ဒါပေမယ့် ဒီတန်ဖိုးတွေကို အတင်းအကျပ် သွတ်သွင်းဖို့ကြိုးစားတာဟာ ဆန့်ကျင်ဖက် အကျိးသက်ရောက်မှုတွေပဲဖြစ်စေနိုင်တယ်။ အီရန်နှင့် အာဖဂန်နစ္စတန်မှာ အမေရိကန်မအောင်မြင်ခဲ့ရတာတွေလိုဖြစ်တယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုဖြစ်ပြီးနောက်ကမ္ဘာ့အဆိုးရွားဆုံး လောင်စာအကျပ်အတည်းပေါ်ပေါက်လာတဲ့အလျောက်  အမေရိကန်ဟာ ဆော်ဒီအာရေဗျအပေါ် ရပ်တည်ချက် ပျော့ပြောင်းခဲ့ပါတယ်။

#Source_AFP

#Saudi_US

#Biden_Visit_Saudi
#ဆော်ဒီအာရေဗျ_အမေရိကန်