Published- 1 September 2021
မီချီဂန်မှာရှိတဲ့ ဒက်ထရွိုက် တိရိစ္ဆာန်ဥယျဉ်က သူ့ရဲ့ တိရိစ္ဆာန်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်အလွယ်ဆုံးလို့ထင်ရတဲ့ သတ္တဝါတွေဖြစ်တဲ့ ဂေါ်ရီလာလူဝံကြီးတွေ၊ ခြင်္သေ့တွေ၊ချင်ပန်ဇီမျောက်တွေနှင့် အခြားတိရိစ္ဆာန်တွေကို အထူးပြုလုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးတာပါ။
 
မီချီဂန်သား လူသားငါးသန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးတဲ့နောက် ဒက်ထရွိုက် တိရိစ္ဆာန်ရုံက အချို့ တိရိစ္ဆာန်တွေကို တိရစ္ဆာန်ဆေးကုသုံး အထူးကာကွယ်ဆေးထိုးပေးနေပြီလို့ ဒက်ထရွိုက် တိရိစ္ဆာန်ဥယျဉ်အသင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
“ ခွေးတွေအတွက် ပါဗိုဗိုင်းရပ်စ်ကာကွယ်ဆေး၊ ယုံတွေအတွက် ဒစ်တမ်ပါထိုးပေးသလိုပါပဲ။ တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေကို ကာကွယ်ပေးဖို့လိုအပ်တယ်” လို့ အဲဒီတိရိစ္ဆာန်ရုံရဲ့ ညွှန်ကြားရေးမှူး အန်းဒန်ကင်က ပြောပါတယ်။
 
မီချီဂန်က ကာလမဇူးမှာ အခြေစိုက်တဲ့ ဆေးဝါးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဇိုဝက်ဝက်တစ်စ်က ဖော်စပ်တဲ့ အဲဒီ အထူးကာကွယ်ဆေးကို ဂေါ်ရီလာတွေ၊ချင်ပန်ဇီတွေ၊ကျားတွေနှင့် ခြင်္သေ့တွေကို ဒက်ထရွိုက် တိရိစ္ဆာန်ရုံမှာ ထိုးပေးမှာဖြစ်ပါတယ်။ သူတို့တိရိစ္ဆာန်ရုံက တစ်ကောင်မျှ ကိုဗစ်ကူးစက်မခံရပေမယ့် အခြားတိရိစ္ဆာန်ရုံတွေမှာ ကူးစက်ခံကြရပြီး အိန္ဒိယနှင့် ဥရောပမှာ ကျားတစ်ကောင်နှင့်ခြင်္သေ့တစ်ကောင်ဟာ ကိုဗစ်ကြောင့် သေဆုံးခဲ့ကြရပါတယ်။ အဲဒါကြောင့် တိရိစ္ဆာန်တော်တော်များများကို ပိုးကူးစက်ဖို့ အန္တရာယ်ရှိနေတာပါ။
 
ဇိုဝက်တစ်စ်ရဲ့ ကာကွယ်ဆေးကို ဒီနှစ်ဆန်းပိုင်းက ဆန်ဒီယာဂိုတိရိစ္ဆာန်ဥယျဉ်တစ်ခုမှာ စတင်သုံးခဲ့ပါတယ်။ အဲဒီမှာ အိုရန်အူတန်လူဝံလေးကောင်နှင့် ဘိုနိုဘိုမျောက်ငါးကောင်ဟာ လူသားမဟုတ်တဲ့ သတ္တဝါတွေအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံးအထိုးခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီတိရိစ္ဆာန်ရုံမှာ ဂေါ်ရီလာရှစ်ကောင်ဟာ ကိုဗစ်ပေါ့စတစ်ဖြစ်ခဲ့ဖူး ပါတယ်။ အဲဒီတုန်းက သူတို့ဟာ သဘာဝအလျောက်ခုံခံအားရှိမယ်ထင်ထားလို့ ကာကွယ်ဆေးမထိုးခဲ့ကြပါဘူးလို့ သတင်းမှာ ရေးသားထားပါတယ်။
Source: RT