Published 13 July 2022

အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဘောလုံးအကျော်အမော်ဖြစ်ခဲ့တဲ့ ဝိန်း ရွန်နီဟာ ဒီစီ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် မေဂျာလိဒ်ဘောလုံးအသင်းတစ်သင်းကို ပြန်လည်ရှင်သန်ဖို့  အင်္ဂါနေ့က တာဝန်ပေးခန့်အပ်ခံရပါတယ်။ဒါဟာအသက် ၃၆နှစ်အရွယ် ရွန်နီအတွက် ဒီစီယူနိုက်တက်နှင့် ပြန်လည်ဆုံစည်းခြင်းဖြစ်ပါတယ်။

သူဟာ ၂၀၁၈ ဇူလိုင်ကနေ ၂၀၁၉ အောက်တိုဘာအထိ အဲဒီအသင်းမှာကစားခဲ့ပြီး ပွဲပေါင်း ၅၂ပွဲမှာ ဂိုးပေါင်း ၂၅ ဂိုးသွင်းပေးခဲ့ပါတယ်။ မေဂျာလိဒ်ကို ပြန်လာရတာ ဒီစီယူနိုက်တက်ကိုပြနလာရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ပြီးတော့ ဒါဟာ ကျွန်တော့်ကို နည်းပြတစ်ဦးအဖြစ် တိုးတက်စေမယ်လို့လည်း ခံစားရတယ်။ဒါပေမယ့် အသင်းအနေနှင့်လည်း တိုးတက်ဖို့လိုအပ်ပါတယ်” လို့သူကပြောပါတယ်။

#Source_AFP

#Wayne_Rooney

#New_DC_United_Coach_ Rooney

#Major_League