Published 10 July 2022

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တရုတ်နှင့် အဓိက ယှဉ်ပြိုင်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ အရှေတောင်အာရှမှာ  အမေရိကန်ရဲ့ အသစ်တဖန်ပြန်လည်တွန်းအားပေးမှုအပေါ် ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။  ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရောက်ရှိနေရေး စိတ်ကူးအကြံဉာဏ်သစ်တွေကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။

ဘလင်ကန်ဟာ အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့ရေး လက်မှတ်ရေးထိုးရင်း အာရှအတွက် အမေရိကန်ဦးဆောင်တဲ့စီးပွားရေးအစီအစဉ်နှင့် ရာသီဥတုပြောင်းလဲခြင်းများအပေါ် ထိုင်းနိုင်ငံရဲ့ လက်ခံယုံကြည်ဆောင်ရွက်မှုကိုလည်း ဘလင်ကန်က ထောက်ပြခဲ့ပါတယ်။

ဒေသအတွင်းမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အင်ဒိုပစိဖိတ်လိုနေရာမှာ မဟာမိတ်နှင့် ပါတနာတစ်ဦးရှိနေတဲ့ ဒီအချိန် ထိုင်းနိုင်ငံကို ကျွန်တော်ရောက်ရှိတာ အထူးကျေနပ်မိပါတယ်. အာရှပစိဖိတ်ဟာ ၂၁ ရာစုရဲ့ အနာဂတ်အလားအလာကို နေ့စဉ်နှင့်အမျှ ပုံသွင်းပေနေပါတယ် လို့ ဘလင်ကန်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ကျွန်တော်တို့နိုင်ငံတွေဟာ ပန်းတိုင်တူကြပါတယ်.. လွတ်လပ်ပွင့်လင်းပြီး အချင်းချင်းချိတ်ဆက်ကာ ချမ်းသာကြွယ်ဝ၊ ဒူပေနာပေခံပြီး လုံခြုံမှုရှိတဲ့ အင်ဒိုပစိတ်ဖိတ်ဒေသဖြစ်ဖို့ပါ။ ပြီးခဲ့တဲ့ နှစ်များအတွင်း  ဒီမျှော်မှန်းမှုကိုရှေ့ရှုပြီး ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ် လို့သူက ဆက်ပြောပါတယ်။

အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင်မှာ ကျွန်တော်တို့နှင့်အတူ စတင်ဆောင်ရွက်တဲ့ ထိုင်းရဲ့ မိတ်ဖက်ဖြစ်မှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ မိသားစုဝင်တွေကို ကူညီပေးမယ့် ပိုပြီးအားကောင်းမျှတပြီး ဒူပေနာပေခံတဲ့ စီးပွားရေးတစ်ရပ် ဖန်တီးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်.. အလုပ်သမားတွေကိုလည်းကူညီမယ် ဒေသတစ်လျောက် စီးပွားရေးလုပ်ငန်းတွေကိုလည်း ကူညီမှာပါလို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းက ယနေ့မှာ ကျွန်တော်တို့ သဘောတူညီချက်လက်မှတ်ရေးခဲ့ကြပါတယ်.. ထိုင်း-အမေရိကန် ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်..ထိုင်း-အမေရိကန် မဟာဗျူဟာမြောက်မဟာမိတ်နှင့်မိတ်ဖက် သဘောတူ ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ပိုမိုနီးကပ်တဲ့ မဟာမိတ်နှင့် ချစ်ကြည်ရင်းနှီးမှု ရေရှည်ဆံဆက်ရေးတို့ရဲ့ သက်သေတစ်ခုပါ။ ထိုင်းဟာ အာရှကို အမေရိကန်ရဲ့ တွန်းအားပေးမှုမှာ ကူညီနေပါတယ်လို့‌ ပြောပါတယ်။

ထိုင်းဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး အာရှမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲအတွင်းမှာ အီဘရာဟမ် လင်ကွန်းကို ဆင်တွေလှူခဲ့တာ နာမည်တွင်ကျန်ခဲ့ပါတယ်။ အဲဒီအပြင် တိုးတက်နေတဲ့ တရုတ်နှင့်လည်း အတူတကွလုပ်ဆောင်မှုတွေ တိုးမြှင့်နေတာဖြစ်ပါတယ်။

Source: AFP