Published 7 July 2022

မိုဘိုင်းလ်ဖုန်းတွေ၊သုံးချောင်းထောက်တွေနှင့်လက်ပ်တော့တွေတပ်ဆင်ပြီး အဖွဲ့သားတွေဟာ အားလုံး အမျိုးသမီးတွေချည်းသက်သက် ဖွဲ့စည်းထားတဲ့ ဘီလန်မီဒီယာဟာ  အာဖရိကရဲ့ ဦးချိုလို့သိကြတဲ့ ဆိုမာလီနိုင်ငံရဲ လိင်အကြမ်းဖက်မှုတွေအပေါ် တိတ်ဆိတ်နေမှုကို ဖြိုခွင်းနေကြပါတယ်။

ရှေးရိုးစွဲတွေ ကြီးစိုးနေတဲ့ မူစလင်နိုင်ငံဖြစ်တဲ့ ဆိုမာလီမှာ  ဘီလန်မီဒီယာကို ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့ ငွေကြေးထောက်ပံ့မှုနှင့်တည်ထောင်ခဲ့ကြပါတယ် ဆိုမာလီလို အလှအပ လို့ အဓိပ္ပါယ်ရတဲ့ ဘီလန်မီဒီယာကို မိုဂါဒီရှုမြို့တော် က နာမည်ကျော် ရုပ်မြင်သံကြားဌာန ဒါလ်ဆန်းရဲ့ ရုံးတွေ အပြင်ဘက်နေကလုပ်ငန်းလုပ်ဆောင်နေကြပါတယ်။

သူတို့အဖွဲ့မှာ သတင်းစာဆရာမ(၆)ဦးရှိပြီး  အမျိုးသမီးများကို အာရုံစိုက်တဲ့ အစီအစဉ်တွေထုတ်လုပ်ပြီး အမျိုးသားဦးဆောင်တဲ့ စံနှုန်းတွေကို စိန်ခေါ်နေကြတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ ထင်ရှားတဲ့ ဆိုမာလီအမျိုးသမီးတွေအကြောင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် အဓ္ဓမပြုကျင့်မှုတွေလို့ ပြည်တွင်းက အများပြည်သူရုပ်သံထုတ်လွှင့်ဖို့ အန္တရာယ်ရှိနေတဲ့ အကြောင်းအရာတွေလိုမျိုးတွေ ပါဝင်ပါတယ်။

“ ပရိုဂရမ်ရဲ့ ၈၀ရာခိုင်နှုန်းလောက်က ရှက်စရာလို့ လူတွေက ထင်နိုင်ကြတယ်။ ဒီသတင်းတွေကို လူ့အဖွဲ့အစည်ဆီ အကြောင်းကြားပေးရမှာဖြစ်တယ်” လို့  ဘီလန်မီဒီယာရဲ့ အယ်ဒီတာချုပ်နာဆင်မိုဟာမက် အီဗရာဟင်က ပြောပါတယ်။

သတင်းထောက်အားလုံးဟာ အသက်၂၈နှစ် အောက်သာရှိကြသေးတဲ့ လူငယ်လေးတွေဖြစ်ကြပီဲး အီဗရာဟင်ရဲ့ အဖွဲ့ထဲ မဝင်ခင် ပြည်တွင်းသတင်းမီဒီယာတွေမှာ အလုပ်လုပ်ခဲ့ကြတာပါ။

“ ပုံမှန်အားဖြင့် အခြားသော သမားရိုးကျမီဒီယာတွေမှာ ပရိုဂရမ်တွေ ထုတ်လုပ်တဲ့အခါ အမျိုးသားတွေ ပါဝင်ဆောင်ရွက်ကြရတာဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့အတွက်တော့ ကျွန်မတို့ပဲ ရိုက်ညွှန်းရေးတယ်၊အင်တာဗျူးလုပ်တယ်၊ဗွီဒီယိုတည်းဖြတ်တယ်၊ ပရိုဂရမ်တွေမှာ အစီအစဉ်တင်ဆက်သူတွေ လုပ်တယ်” လို့ အသက်၂၁နှစ်အရွယ် အီဗရာဟင်က အေအက်ဖ်ပီကိုပြောပါတယ်။

သူတို့ရိုက်ကူးထားတာတွေကို ဒါလ်ဆန်နှင့် ဘီလန်မီဒီယာရဲ့ လူမှုကွန်ယက်တွေကနေ ထုတ်လွှင့်ပြသပါတယ်။ ပရိသတ်က ဖြည်းဖြည်းချင်းတိုးပွားလာလိမ့်မယ်လို့လည်း အီဗရာဟင်က ယုံကြည်ထားပါတယ်။

Source AFP