Published 16 June 2022

နာမည်ကြီးအလှကုန်ကုမ္ပဏီကြီးဖြစ်တဲ့ ရက်ဗလွန်က ဒေဝါလီခံပြီးအကာအကွယ်ရယူဖို့အတွက် ဗုဒ္ဓဟူးနေ့က လျှောက်ထားလိုက်ပါတယ်။ အွန်လိုင်းကို အားယူထားတဲ့ ရုတ်ချည်းနာမည်ကြီးလာနေတဲ့ အလှကုန်တွေကို ဒီနှစ်ပိုင်းတွေ အတွင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရပြီးနောက် ယခုလိုဒေဝါလီခံဖို့‌ လျှောက်ထားလိုက်တာဖြစ်ပါတယ်။

လက်သည်းအရောင်တင်ဆေးနှင့်နှုတ်ခမ်နီထုတ်လုပ်တဲ့ ရက်ဗလွန်ဟာ ဘီလျံနာရွန်ပီရီလ်မင်းရဲ့ မက်အင်ဒရူးအင်န်ဖော့်ဘ်စ် က ထိန်းချုပ်ထားတာဖြစ်ပြီး ပိုင်ဆိုင်မှုတွေနှင့်ပေးရန်တာဝန်တန်ဖိုး ဟာ ဒေါ်လ တစ် ဘီလျံနှင့် ၁၀ဘီလျံအကြားရှိပါတယ်လို့  နယူးယောက်တောင်ပိုင်းခရိုင်က အမေရိကန်ဒေဝါလီတရားရုံးကို လျှောက်ထားချက်အရ သိရပါတယ်။

ထောက်ပံ့မှုအဟန့်အတားတွေနှင့် ဝယ်လိုအားရှိတဲ့ အရေပြားစောင့်ရှောက်မှုထုတ်ကုန်တွေကို ခပ်မြန်မြန် မပြောင်းလဲနိုင်တောတွေကြောင့်  ရက်ဗလွန်ရဲ ရောင်းအားဟာ ကျဆင်းနေခဲ့ရပါတယ်။ ဆယ်လီ ကီလီဂျင်နာရဲ ကီလီအလှကုန်နှင့် ရီဟန်နားရဲ့ ဖန်တီဗျူတီတို့လို့ အလှကုန်တွေကြောင့် ရက်ဗလွန်ဟာ အမေရိကန်စတိုးဆိုင်တွေမှာ အရောင်းစင်ပေါ်က သူ့ရဲ့နေရာကို ဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။

ရက်ဗလွန်ရဲ့ပြိုင်ဘက် ကိုတီအင်န်ကတော့  ကိုဗစ်အလွန်မှာ ပြန်ခေတ်စားလာတဲ့ မျက်တောင်ခြယ်ဆေးနှင့်နှုတ်ခမ်းနီတွေ အလှကုန်တွေအတွက် ထောက်ပို့ဖြည့်တင်းမှုတိုးတက်ဖို့ အကြီးအကျယ်ရင်းနှီးမြှပ်နှံလိုက်တာကြောင့် ဈေးကွက်နေရာ ပြန်ရလာပါတယ်။

ပီရီမင်းရဲ့ သမီး ဒီဘရာပီရီမင်းန်က ၂၀၁၈ခုနှစ် နှစ်လည်ကစပြီး  ကိုင်တွယ်ထိန်းကျောင်းထားတဲ့ ရက်ဗလွန်ဟာ  ယခုနှစ် မတ်၃၁ ရက်အထိ ကာလရှည် အကြွေး ၃.၃၁ ဘီလျံတင်ခဲ့ပါတယ်။

ချားလ်နှင့် ဂျိုးဇက်ရီဗဆန်ညီအစ်ကိုနှင့် ချားလ်စ် လက်ချ်မင်းတို့ ၁၉၃၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရက်ဗလွန်ဟာ ၁၉၈၅ ခုနှစ်မှာ မက်အင်ဒရူးအင်န်ဖော့ဘ်စ်ကို ရောင်းချခဲ့ပါတယ်။ ၁၁နှစ်အကြာမှာ အများပိုင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီဟာ ယင်းရဲ့ အရည်ပြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ အဲလစ်ဇဘက်အာဒင်ကို ဒေါ်လာ သန်း၈၇၀နှင့် ၂၀၁၆မှာ ဝယ်ယူခဲ့ပါတယ်။

ဒါပေမယ့်ရက်ဗလွန်ရဲ့ အသာတင်အရောင်းဟာ ယှဉ်ပြိုင်မှုတွေကြောင့် ၂၀၂၁မှာ ၂၂ရာခိုင်နှုန်းကျဆင်းသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်၉၀ကစပြီး လက်သည်းကြွေဆေးတွေ ရောင်းချမှုနှင့် စတင်ခဲ့တဲ့ ရက်ဗလွန်ဟာ ဘရစ်တနေးစပီးယား ရေမွှေး၊ ခရစ်စတီးနားအာဂီလယ်ရာ ရေမွှေးစတဲ့ နမည်ကြီး တံဆိပ်များစွာကိုလည်း ကိုယ်ပိုင်ထုတ်ခဲ့တာဖြစ်ပါတယ်။

 Source Reuters