Published 14 June 2022
အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေကျဆင်းမှုကို ဦးတည်နေဖွယ်ရှိကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တွေက ခန့်မှန်း လိုက်ကြပါတယ်။ ထကြွနေတဲ့ ငွေကြေးဖောင်းပွမှုနှင့် မြင့်မားလာနေတဲ့ အတိုးနှုန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ထားနေတာကြောင့်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ချီကာဂိုတက္ကသိုလ်နှင့် ပူးတွဲပြုလုပ်တဲ့ စစ်တမ်းအရ  စီးပွားရေးပညာရှင်၄၉ဦးကိုမေးမြန်းခဲ့ရာမှာ သူတို့ထဲက ၇၀ ရာခိုင်နှုန်းက အမေရိကန်စီးပွားရေးဟာ ၂၀၂၃ ပထမနှစ်ဝက် သို့မဟုတ် ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှုနှင့်ကြုံရဖွယ်ရှိတယ်လို့ ပြောကြပါတယ်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ရာမှာ အမေရိကန်ရဲ့ စားသုံးသူဈေးနှုန်းတွေဟာ မေလမှာ ခန့်မှန်းထားခဲ့တဲ့ ၈.၆ ရာခိုင်နှုန်းထက် မြင့်မားနေပြီး ၁၉၈၁ခုနှစ်ဒီဇင်ဘာကတည်းက ဒါဟာ အမြင့်ဆုံးငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုမြင့်တက်လာနေတာကို အဆိုးရွားဆုံးဖြစ်လာမှာ စိုးရိမ်တာကြောင့် အမေရိကန်ဖက်ဒရယ်အရန်ငွေကြေး အဖွဲ့က အတိုးနှုန်းတွေကို တိုးပစ်လိုက်ပါတယ်။ ဒါပေမယ့် အဲသလိုလုပ်လိုက်တာကြောင့် ငွေကြေးဖောင်းပွမှုမြင့်နေတာကို ကာကွယ်ပေးနိုင်ပါ့မလား သံသယဖြစ်နေကြပြီး ဒါဟာ စီးပွားရေးတိုးတက်မှုအလားအလာကိုပါ အနှောက်အယှက်ဖြစ်စေမှာကို ပညာရှင်တွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။

Source CCTV+