#WorldHealth
Published 12 June 2022

 

ပါကစ္စတန်အမျိုးသားတစ်ဦးဟာ ဆီးသွားဖို့အခက်အခဲရှိတာကြောင့် မိမိဘာသာဆီးပိုက်ဝါယာကြိုးလေးကို လိင်တံထဲထည့်သွင်းခဲ့ရာမှာ အခန့်မသင့်ဘဲ ညပ်သွားခဲ့ပြီးနောက် ခွဲစိတ်ဆရာဝန်များက အဆိုပါဆီးပိုက်ကြိုးကို လိင်တံကနေ ဆွဲထုတ်ခဲ့ရပါတယ်။

 

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ထိုအမျိုးသားဟာ ၁၈ စင်တီမီတာရှည်တဲ့ဆီးပိုက်ကြိုးကို ဆီးလမ်းကြောင်းထဲထည့်သွင်းပြီးနောက် ညပ်နေခဲ့တာကြောင့် အက်ဘာဆီရှာဟိ ဆေးရုံသို့သွားကာ သူ့ကိုကုသပေးတဲ့ ခွဲစိတ်ဆရာဝန်များထံ အကျိုးအကြောင်းပြောပြခဲ့ပါတယ်။

 

အရင် ၂ လကစပြီး ဆီးသွားရာမှာ နာကျင်ပြီးအခက်အခဲရှိတာကြောင့် သူ့ဘာသာဆီးပိုက်ထည့်နေရပါတယ်။

 

ဓာတ်မှန်ရိုက်ကြည့်ရာမှာ ဝါယာကြိုးက ဆီးလမ်းကြောင်းတလျှောက်ကနေ ဆီးအိမ်အထိရောက်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

 

အစကတော့ ဆီးလမ်းကြောင်းထဲကို ကင်မရာထည့်ကြည့်ဖို့ စီစဉ်ခဲ့ပေမယ့် ဆီးထွက်ရာအပေါက်ကို အနည်းငယ်ဖြဲကြည့်ရာ ကြိုးကိုတွေ့လိုက်ရပါတယ်။

 

အဲဒီနောက်ဆရာဝန်တွေက ညှပ်ကိုအသုံးပြုပြီး ဆွဲထုတ်ခဲ့ကြပါတယ်။

 

ဝါယာကြိုးဖယ်ရှားပြီးနောက် လူနာက သွေးထွက်ခြင်း၊ ဒဏ်ရာရခြင်းစတဲ့ လက္ခဏာတွေမပေါ်ပေါက်ခဲ့ကြောင်း တင်ပြထားပါတယ်။

 

လိင်တံထဲကိုယ့်ဘာသာ ထည့်သွင်းတာမျိုးက ပုံမှန်သဘောဖြစ်ပြီး မိမိဘာသာပြုလုပ်ကြလေ့ရှိပါတယ်။

 

အဲဒီလိုထည့်သွင်းခြင်းကနေ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ဆီးလမ်းကြောင်းကို ထိန်းချုပ်ပေးတဲ့ ကြွက်သားထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

ပစ္စည်းတစ်ခုခုညပ်သွားပြီဆိုရင်တော့ ဒီထက်ပိုဆိုးလာတတ်ပြီး အတွင်းသားလောင်ရာကနေ ဆီးမသွားနိုင်ခြင်း၊ မထောင်မတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

ဆီးအိမ်ပေါက်ခြင်း၊ ဆီးလမ်းကြောင်းထိခိုက်ခြင်းတို့ဖြစ်ပြီဆိုရင် ခွဲစိတ်မှုကြီးတွေ ပြုလုပ်ရနိုင်ပါတယ်။

 

ဘယ်အချိန်ဖြစ်ပြီး ဘာကြောင့်ဆီးသွားရခက်ခဲလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။

 

အဆိုပါ အမျိုးသားက လိင်မှုဆိုင်ရာမဆောင်ရွက်နိုင်တာ ၃ နှစ်ရှိပြီလိုဆိုပါတယ်။

 

လိင်တံထဲမှာ တစ်ခုခုညပ်နေတဲ့သူတွေက ရှက်ကြောက်တဲ့စိတ်ကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြသဖို တုန့်ဆိုင်းတွေဝေ နေတတ်ပါတယ်။

 

Source: DailyMail.
#Yangon_Media_Group