Published 31 May 2022

တရုတ်နိုင်ငံဟာ ဆိုလာစွမ်းအင်နှင့်ဒီရေစွမ်းအင်နှစ်ခု ပေါင်းစပ်သုံးတဲ့ ပထမဆုံး ဓာတ်အားပေးစက်ရုံကို မေလ၃၀ တနင်္လာနေ့က တရားဝင်ဖွင့်လှစ်ပြီး စတင်လည်ပတ်လိုက်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်ပြည်နယ်က ဝိန်းလင်းမြို့မှာ တည်ရှိတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဒီရေစွမ်းအင်သုံးစက်ရုံရှိတဲ့ လုပ်ငန်းခွင်ထဲမှာပဲတည်ရှိပါတယ်။ ၁၃၃ ဟက်တာကျယ်ဝန်းပြီး ဒီရေစွမ်းအင်ထုတ်လုပ်မှုကို ဖြည့်ပေးလို့ရအောင် ဆိုလာပြားတွေကို ဒီဇိုင်းလုပ်ထားပါတယ်။

ဒီစက်ရုံက လျှပ်စစ်ဓာတ်အညး ၁၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။ ဆိုလာစွမ်းအင်ဟာ ညအချိန်နှင့် မိုးရွာတဲ့အချိန်တွေ မရလို့ အချိန်ပြည့်မရနိုင်တဲ့အတွက် ညဖက် လဆွဲအားနှင့်တက်လာတဲ့ ဒီရေစွမ်းအင်ကြောင့် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

“ ရေနှင့်နေကို အသုံးကပြုပြီး ဒီရေနှင့် ဆိုလာစွမ်းအင်ကိုပေါင်းစပ်ခြင်းဖြင့် စွမ်းအင်သစ်ကို ကျယ်ပြန့်စွာအသုံးပြုနိုင်တဲ့ ပုံစံသစ်ကို ဖန်တီးခဲ့ကြပါတယ်။ ဒါဟာ ရသမျှအရင်းအမြစ်ကိုအသုံးချရုံမျှမကဘဲ တီထွင်ဆန်းသစ်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပြီး  စွမ်းအင်အခြေခံတည်ဆောက်မှု ပြုပြင်ပြောင်းလဲခြင်းနှင့် စွမ်းအင်လုပ်ငန်းအဆင့်မြှင့်ပေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကိုပါတိုးမြှင့်စေပါတယ်” လို့ တရုတ်စွမ်းအင်အုပ်စုရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖန်ရှုချင်းက ပြောပါတယ်။

တစ်နှစ်ပတ်လုံးမှာ ဒီစက်ရုံက ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀ကျော် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အိမ်ထောင်စုပေါင်း သုံးသောင်းအတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၃၁၆၅၄ တန်ကို ချွေတာပေးနိုင်မှာဖြစ်ပြီး ကာဘွန်ထုတ်လုပ်မှုကိုလည်း တစ်နှစ်တာမှာ ၈၄၄၇၉ တန်လျှော့ချပေးနိုင်မယ်လို့သိရပါတယ်။

Source CCTV+