Published 29 May 2022

မေ၂၉ ရက်စနေနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ  ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပခဲ့ရာ ရီးယဲလ်မက်ဒရစ်က  လီဗာပူးလ်ကို ဗင်နီရှပ် ဂျုနီယာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဗိုလ်လုပွဲကို ကွင်းအပြင်ဘက်မှာ ပြဿနာအချို့ရှိလို့  နာရီဝက်လောက်‌ နောက်ကျပြီးမှ ကျင်းပခဲ့ရတာဖြစ်ပြီး ရီးယဲမက်ဒရစ် အဖို့ ဒီနှစ်ချန်ပီယံဆုကို (၁၄)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဘရာဇီး တောင်ပံကစားသမား ဗင်နီရှပ်ဟာ ဒုတိယပိုင်း ၅၉မိနစ်မှာ တစ်လုံးတည်းသော ဂိုးကိုသွင်းခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ ချေပဂိုးမသွင်းနိုင်ခဲ့ဘဲ ရှုံးခဲ့ရပါတယ်။

၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ရှင် ရီးယဲမက်ဒရစ်ရဲ့ ပရိဿတ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ရဲ့ ဆီဘီလေးစ်ရင်ပြင်မှာ ဟစ်အော်မြူးတူးပြီး အောင်ပွဲဆင်နွှဲကြတာတွေကို ရုပ်သံမြင်ကွင်းတင်ဆက်လိုက်ရပါတယ်။

Source AFP