Published 22 May 2022

ပုံမှန်မဟုတ်တဲ့ အပူနှင့်စိုထိုင်းမှုအခြေအနေတွေမှာ ဘရွတ်ကလင်း တာဝက်မာရသွန်ပြေးပွဲကို မေလ၂၁ ရက် စနေနေ့က ကျင်းပရာ အပြေးသမားတစ်ဦးသေဆုံးပြီး အခြား၁၅ ဦးမှာ ဆေးရုံတင်လိုက်ရတယ်လို့ မြို့အရာရှိတွေကပြောပါတယ်။ ဆေးရုံတင်လိုက်ရတဲ့ ၁၅ ဦးထဲမှာ လေးဦးရဲ့ဒဏ်ရာတွေဟာစိုးရိမ်ရပြီး (၈)ဦးက အသက်အန္တရာယ်မရှိဘဲ ကျန်လေးဦးကတော့ အနည်းအကျဉ်းဒဏ်ရာရတာဖြစ်တယ်လို့ နယူးယောက်စီးတီးမီးသတ်ဌာနပြောရေးဆိုခွင့်ရသူက Insider ကို သတင်းထုတ်ပြန် ဖြေကြားပါတယ်။

သေဆုံးသွားတဲ့အပြေးသမားဟာ အသက်၃၀အရွယ်ရှိပြီး ပန်းဝင်ပြီးနောက်လဲကျသွားတာဖြစ်တယ်လို့ နယူးယောက်တိုင်းမ် ကရေးသားပါတယ်။

အခုလိုသေဆုံးဒဏ်ရာရမှုတွေဟာ အပူချိန်နှင့်စိုထိုင်းဆတွေနှင့် တိုက်ရိုက်ပတ်သက်သလားဆိုတာကိုတော့ ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။ နယူးယောက်စီးတီးနေရာတစ်ဝိုက်မှာ အရာရှိတွေက အပူသတိပေးချက်ထုတ်ပြန်တဲ့တစ်ရက်တည်းမှာ မာရသွန်ပြေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။လေထုအရည်အသွေးသတိပေးချက်ပါအဲဒီတုန်းက ထုတ်ပြန်ခဲ့တာပါ။

မနက်၇နာရီမှ စတင်ခဲ့တဲ့ပြေးပွဲအချိန်အတွင်း အပူချိန်ဟာ ၆၀နှင့်၇၀ ဖာရင်ဟိုက်ကြားရှိခဲ့ပြီး နောက်ပိုင်းမှာ ၉၀ဒီဂရီဖာရင်ဟိုက်ကျော်ရှိခဲ့ပါတယ်။အဲဒီစနေနေ့ဟာ နယူးယောက်စီးတီးမှာ တစ်နှစ်လုံးအပူဆုံးဖြစ်ပြီး မေလမှာ အပူချိန် သတိပေးချက်ထုတ်ပြန်ရတာကလည်း ၁၆နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၁၃.၁မိုင်ပြေးရတဲ့ ခရီးဝက်မာရသွန်ကိုဘရွတ်ကလင်းပြတိုက်က တာထွက်ပြီး ပရောစပက်ပန်းခြံကိုဖြတ်သန်းပြီးနောက် ကိုနေကျွန်းမှာ ပန်းဝင်တာဖြစ်ပါတယ်။သေဆုံးသွားသူဟာ ပန်းဝင်အပြီးလဲကျသွားလို့ ဆေးရုံကိုအပို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ရတာပါ။

Source Insider