#WorldHealth
Published 19 May 2022

 

ကလေးနှစ်ယောက်အမေဖြစ်သူ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးဟာ ကိုဗစ်စမ်းသပ်စစ်ဆေးတဲ့ ၆ လက်မအရှည်နှာခေါင်းတိုဖတ်တံကို မတော်တဆမျိုချမိပြီးနောက် အရေးပေါ်ခွဲစိတ်ဖယ်ထုတ်ခဲ့ရပါတယ်။

 

'ဘော်ဘီလီ'လိုမျိုး ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုရင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ အင်္ဂလန်သား တစ်ရာကျော်ရှိလာပြီဖြစ်ကြောင်း MailOnline က ဧပြီလမှာဖော်ပြခဲ့ပါတယ်။

 

မစ္စ'လီ'ဟာ ညဘက်အလုပ်တာဝန်ချိန်ပြီးဆုံးပြီးနောက် နေမကောင်းဖြစ်လာသလိုခံစားလာရကာ ကိုဗစ်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲဒီနောက် တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး အာခေါင်ထဲညပ်သွားခဲ့ပါတယ်။
မစ္စ'လီ'က ဘာလုပ်ရမှန်းမသိဘဲ တိုဖတ်တံကိုမျိုချလိုက်ပေမယ့် လည်ချောင်းမှာကန့်လန့်ခံနေခဲ့ပါတယ်။

 

အရေးပေါ်ဌာနကိုအပြေးသွားခဲ့ရာ ဆေးဝန်ထမ်းတွေကလည်း ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးကြောင်း ပြောပြလာပါတယ်။

 

ဒါနဲ့ပဲ နီးစပ်ရာဆေးရုံသို့သွားခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်ဆရာဝန်များက ကွေးဆန့်လို့ရတဲ့ကင်မရာလေးကို လည်ချောင်းထဲထည့်ကြည့်ရာ တို့ဖတ်တံကိုတွေ့ရှိခဲ့ကြပါတယ်။

 

"တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး လည်ချောင်းအနောက်ဘက်မှာ ညပ်နေခဲ့ပြီး တို့ဖတ်တံတဖက်က အာခေါင်မှာကပ်နေခဲ့ပါတယ်၊ ဖယ်ထုတ်ဖို့လုပ်ပေမယ့် မရခဲ့တာကြောင့် မျိုချလိုက်မယ်လို့တွေးမိလိုက်ပါတယ်၊ အသက်လည်းမရှူနိုင်တော့ပါဘူး၊ အဲဒီနောက်ကားထဲဝင်ပြီး အရေးပေါ်ဌာနကို မောင်းထွက်သွားပါတယ်" လို့ ဆိုပါတယ်။

 

အရေးပေါ်ဌာနရောက်တဲ့အခါ မစ္စ'လီ'ကဖြစ်စဉ်ကိုရှင်းပြခဲ့ရာ ဆေးဝန်ထမ်းတွေက ဘာလုပ်ရမှန်းမသိခဲ့ပါဘူး။

 

"တို့ဖတ်တံကိုပါးစပ်ထဲကထုတ်မှရမှာပါ၊ တကယ်လို့အူထဲကိုသာရောက်သွားရင် ပေါက်ထွက်ကုန်နိုင်ပါတယ်" လို့ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လက MailOnline က စုံစမ်းရာမှာ ယူကေမှာ ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၃ ထောင်လောက် အကြောင်းကြားခဲ့ကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

PCR test ပုံစံအဟောင်းတွေက တို့ဖတ်တံကိုလည်ချောင်းအနောက်ဘက်အထိ ထည့်ပြီးတို့ရတာကြောင့် ယခုလိုအဖြစ်မျိုးအင်္ဂလန်မှာ အနည်းငယ်တွေ့ရှိနေရပါတယ်။

 

အချို့လူတွေမှာလည်း စမ်းသပ်ပြီးနောက် နှာခေါင်းသွေးလျှံခြင်းမျိုးကြုံတွေ့ရကြောင်း အကြောင်းကြားလာကြပါတယ်။

 

လူအများအပြားကလည်း မတော်တဆထိခိုက်တာမျိုးဖြစ်တဲ့အခါ သက်ဆိုင်ရာကိုအကြောင်းမကြားတတ်ကြဘူးလို့ ယူကေဆေးဝါးဌာနနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းကွပ်ကဲရေးအေဂျင်စီတို့က ဆိုပါတယ်။

 

တာဝန်ရှိသူတွေကတော့ ကိုဗစ်စစ်ဆေးရင်းထိခိုက်မှုမျိုးဖြစ်တဲ့အခါ မှတ်တမ်းတင်အကြောင်းကြားဖို့ မှာကြားထားပါတယ်။

 

ဒီလိုအကြောင်းကြားခြင်းဖြင့် အလားတူအဖြစ်မျိုး၊ ပိုမိုဆိုးရွားခြင်းမျိုးဖြစ်မလာအောင် ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ အကြုံပြုထားပါတယ်။

 

Source: DailyMail
#Yangon_Media_Group