Published 16 May 2022

နိုင်ငံမှာ ကိုဗစ်လှိုင်းနှင့်ရင်ဆိုင်နေရတဲ့ အလျောက်  မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ အခြားအရာရှိတွေနှင့် အတူ မေလ(၁၆)ရက်က ဆေးဆိုင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ပြည်သူတွေကြားထဲ ရောဂါကူးစက်မှု အရှိန်ကိုလျှော့ချဖို့အတွက် ခေါင်းဆောင်ကင်မ်က နိုင်ငံတစ်ဝှမ်း လော့ခ်ဒေါင်းလုပ်ဖို့ အမိန့်ပေးထားပေမယ့် မြောက်ကိုးရီးယားနိုင်ငံမှာ လူပေါင်းတစ်သန်းကျော်ဟာ အစိုးရကပြောတဲ့ “အဖျား”ရောဂါနှင့်နေမကောင်းဖြစ်နေကြပါတယ်။

ကပ်ရောဂါတားဆီးကာကွယ်ရေးမှာ ဖြစ်ကတတ်ဆန်း တုန့်ပြန်တယ်ဆိုပြီး ကင်မ်က ကျန်းမာရေးအရာရှိတွေကို ပြင်းထန်စွာ ဝေဖန်ထားပါတယ်။ အထူးသဖြင့်ဆေးဆိုင်တွေဟာ ၂၄နာရီဖွင့်ပြီးဆေးတွေရောင်းချဖို့ပျက်ကွက်ခဲ့တာကိုဖြစ်ပါတယ်။

မြောက်ကိုးရီးယားမှာ ယခုအထိလူ(၅၀)အထိသေဆုံးခဲ့ရပြီးနောက် သူဟာ မြို့တော်ပြုံယမ်းမှာ ဆေးဝါးတွေဖြန့်ချိမှု တည်ငြိမ်ရေးဆောင်ရွက်ဖို့ စစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။

Source AFP