Published 26 April 2022

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟု ယုံကြည်ရတဲ့ ဂျပန်အဘွားအိုတစ်ဦးဟာ တနင်္လာနေ့က အသက်၁၁၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့  ဂျပန်ရုပ်သံ NHKက သတင်းထုတ်လွှင့်သွားပါတယ်။

ကိန်းတာနာကာလို့ ခေါ်တဲ့ အဲဒီအဘွားအိုဟာ  ၁၉၀၃ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ဟာ ရိုက်ညီအစ်ကိုဟာ သူတို့ရဲ့မော်တာတပ်လေယာဉ်ပျံတစ်စီးကို ပထမဆုံးမောင်းနှင့်ပျံသန်းကြည့်တဲ့ နှစ်ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က တာနာကာကို ဂင်းနက်ကမ္ဘာ့မှတ်တမ်းက အသက်အကြီးဆုံး အသက်ရှင်နေထိုင်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

အဘွားဟာ ဂျပန်နိုင်ငံ အနောက်ပိုင်း ဖူကူအိုကာရှိ ဆေးရုံတစ်ရုံမှာ အသက်အရွယ်ကြီးရင့်လို့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အဘွားရဲ့ဘဝတလျောက် ချောကလက်နှင့် အမြှပ်ထတဲ့အရည်တွေကို နှစ်သက်တယ်လို့လည်း NHK က ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ခပ်မြန်မြန်အသက်အရွယ်ကြီးရင့်သူတွေရဲ့ လူဦးရေဟာ လျော့ပါးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအထိ အသက်တစ်ရာတန်းလူဦးရေ ၈၆၁၅၀ ဦးရှိပြီး (၁၀) ဦးမှာ (၉)ဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

Source Reuters