#WorldHealth
Published 21 April 2022

 

ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးတဲ့လူတွေမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုထိခိုက်စေပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို ကာကွယ်ပေးနိုင်စွမ်းနည်းပါးသွားကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးရရှိတဲ့ ပဋိပစ္စည်း(antibody)ထွက်ရှိမှု သို့မဟုတ် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်မှုတွေကရတဲ့ ပဋိပစ္စည်းတွေနဲ့မတူတဲ့အချက်က အိုမီခရွန် BA.1, BA.2 မျိုးဗီဇကွဲကူးစက်မှုများမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ ဗိုင်းရပ်စ်ရဲ့အခြားမျိုးဗီဇကွဲကူးစက်မှုတွေကို မကာကွယ်ပေးနိုင်ကြောင်း သုတေသီတွေက အိုမီခရွန်ကူးစက်ထားတဲ့ သွေးနမူနာများကိုစစ်ဆေးကြည့်ပြီး သိရှိခဲ့ကြပါတယ်။

 

ဗိုင်းရပ်စ်ရဲ့ အရင်မျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖို့ထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးနောက် အိုမီခရွန်ကူးစက်ခဲ့တဲ့လူတွေဟာ အိုမီခရွန်ရဲ့နောက်ထပ်မျိုးဗီဇကွဲနှစ်မျိုးကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေအများအပြားထွက်ရှိနိုင်ပေမယ့် အရင် SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကိုတော့ ကာကွယ်နိုင်စွမ်းနည်းပါးကြောင်း Nature Portfolio မှာဖော်ပြထားပါတယ်။

 

ကာကွယ်ဆေးထိုးနှံခြင်း သို့မဟုတ် ကိုဗစ်ရောဂါကူးစက်ခြင်းမှရရှိတဲ့ခုခံအားစနစ်က အိုမီခရွန်ကူးစက်ပြီးနောက် ထွက်လာတဲ့ပဋိပစ္စည်းတွေဟာ အိုမီခရွန်မျိုးဗီဇကွဲတွေကိုသာ သီးသန့်ကာကွယ်ပေးနိုင်ပြီး အိုမီခရွန်မဟုတ်တဲ့မျိုးဗီဇကွဲတွေကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းတွေတော့ ထွက်ပေါ်လာခြင်းမရှိကြောင်း ဩစတြီးယား ဗီယင်နာဆေးပညာတက္ကသိုလ်မှ'ကာရင်စတီယက်စနီ'နဲ့ 'ဂျူဒီတီအဘာလေ'တို့က ပြောပြခဲ့ပါတယ်။

 

BA.2 ကူးစက်မှုမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ အခြားမျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်ဖွယ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

 

လေ့လာချက်ထဲမှာတော့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အားမြှင့်ကာကွယ်ဆေး(booster)တွေ အရေးကြီးကြောင်း အလေးထားဖော်ပြထားပါတယ်။

 

Source: Reuters
#Yangon_Media_Group