Published 19 April 2022

 ခရစ်တီယာနိုရော်နယ်ဒိုနှင့်သူ့ပါတနာ ဂျော်ဂျီနာ ရိုဒရီဂဂက်စ်တို့ဟာ သူတို့ရဲ့ မွေးကင်းစ သားကလေးကွယ်လွန်ခဲ့ရတဲ့ အတွက် အင်္ဂါနေ့မှာ ကစားမယ့်အရေးကြီး ပရီမီယာလိဒ်ပွဲဖြစ်တဲ့ ပြိုင်ဘက် လီဗာပူးလ်နှင့်ပွဲမှာ သူပါဝင် ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်

ရော်နယ်ဒိုဟာ သူ့နှလုံးသားကြေကွဲရတဲ့ ဖြစ်ရပ်ကို တနင်္လာနေ့က ဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်။ “ ဆုံးရှုးမှုဟာ မိဘတိုင်းခံစားနိုင်တဲ့ အကြီးမားဆုံးထိခိုက်နာကျင်မှုဖြစ်တယ်” လို့ သူကပြောပါတယ်။ အဲဒီအပြင် သူတို့အတွဲဟာ သူတို့ရဲ့ အမြွှာသမီးကလေး မွေးဖွားတာကိုလည်း ကြေညာခဲ့ပါတယ်။

“ ခင်ဗျားရဲ့ ထိခိုက်ခံစားရမှုဟာ ကျွန်တော်တို့ရဲ့ ထိခိုက်ခံစားရမှုပါပဲ” လို့ ယူနိက်တက်က တွစ်တာမှာရေးခဲ့ပါတယ်။  အဲဒီအပြင် အသက်၃၇နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီနေ့ညနေမှာ အင်န်ဖီးလ်မှာ ဝင်ကစားမှာမဟုတ်ဘူးလို့ မန်ချက် စတာယူနိုက်တက်က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အတည်ပြုခဲ့ပါတယ်။

“ မိသားစုဆိုတာ အရာရာတိုင်းထက် ပိုအရေးကြီးပါတယ်။ ရော်နယ်ဒိုဟာ အင်မတန်မှခက်ခဲတဲ့အချိန်မှာ ချစ်မြတ်နိုးရတဲ့သူ တွေကို အားပေးနေပါတယ်”လို့ ကလပ်ကရေးပါတယ်။

“ အင်္ဂါနေ့ညနေမှာ လီဗာပူးနှင့်ပွဲ သူဝင်ကစားမှာမဟုတ်တာကို ကျွန်တော်တို့ အတည်ပြုပါတယ်။ ကျွန်တော်တို့ဟာ မိသားစုရဲ့ သီးသန့်အေးအေးဆေးဆေးနေလိုတဲ့ဆန္ဒတွေကို အလေးထားပါတယ်” လို့ ယင်းကဆိုပါတယ်။