Published 19 April 2022

ပြီးခဲ့တဲ့ အောက်တိုဘာက သူတို့အမြွှာရင်သွေးကလေးတွေရတော့မယ်လို့ကြေညာခဲ့တဲ့ ပေါ်တူဂီရှေ့တန်းတိုက်စစ်မှူး ခရစ်တီယာနိုရော်နယ်ဒိုနှင့်သူ့ရဲ့ပါတနာ ဂျော်ဂျီနာ ရိုဒရီဂက်စ်တို့က သူတို့ရဲ့အမြွှာထဲက တစ်ယောက် ကွယ်လွန်သွားပြီလို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ သားကလေးတစ်ယောက် ကွယ်လွန်သွားတဲ့အကြောင်း အထူးဝမ်းနည်းစွာပြောပါတယ်”  လို့  သူတို့က ပူးတွဲကြေညာချက်တစ်စောင်ကို ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ပါတယ်။

“ ဘယ်မိဘမဆို ခံစားနိုင်တဲ့ အကြီးမားဆုံးထိခိုက်နာကျင်မှုဖြစ်ပါတယ်” လို့ သူတို့ကပြောပါတယ်။

“ဒီအခိုက်အတန့်မှာ  မျှော်လင့်ခြင်းတွေ ပျော်ရွှင်ခြင်းတွေနှင့် ကျွန်တော်တို့နေနိုင်ဖို့ သမီးလေးကပဲ ခွန်အားတွေပေးနေပါတယ်” လို့ သူတို့က သတင်းထုတ်ပြန်ပါတယ်။

ဒီလိုခက်ခဲတဲ့အချိန်မှာ သူတို့ကိုယ်ရေးကိုယ်တာ လျှို့လျှို့ဝှက်ဝှက်နေထိုင်မှုအတွက် သူတို့က တောင်းဆိုပြီး  ကုသမှုနှင့် အားပေးမှုတွေပြုလုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ၊သူနာပြုတွေနှင့် ပညာရှင်တွေကို သူတို့အတွဲက ကျေးဇူးတင်ကြောင်းပြောပါတယ်။

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား (၅)ကြိမ်ရရှိထားပါတယ်။ရီယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တို့မှာ ဆုဖလားတွေ အများကြီးနှင့် နိုင်ပွဲတွေကစားပေးပြီးနောက် သူဟာ  ပြီးခဲ့တဲ့ နှစ်က မန်ချက်စတာယူနိုက်တက်မှာ ပြန်ကစားခဲ့ပါတယ်။

Source Reuters