Published 17 April 2022

ပထမဆုံး ကမ္ဘာ့ဖလား အမျိုးသမီးပိုလိုပြိုင်ပွဲကို အာဂျင်းတီးနားနိုင်ငံ။မြို့တော်ဗျူနိုးစ်အေရီးစ်က ပိုလိုကစားကွင်းကြီးထဲမှာ ဧပြီ (၁၆)ရက်က ကျင်းပခဲ့ပါတယ်

အာဂျင်တီးနား အမျိုးသမီးပိုလိုအသင်းဟာ စနေနေ့ကကျင်းပတဲ့ ဗိုလ်လုပွဲမှာ အမေရိကန်ကို အနိုင်ရပြီး ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလား ပိုလိုချန်ပီယံဖြစ်သွားပါတယ်။

နည်းပြ မီလိုဖာနန်ဒေးအာရူဂျိုဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အမေရိကန်ကို ၆-၂ နှင့် အနိုင်ယူခဲ့တာပါ။

တတိယနေရာလုပွဲကိုတော့ အင်္ဂလန်နှင့် အီတလီတို့ ယှဉ်ပြိုင်ပြီး အင်္ဂလန်က ၆-၅.၅ နှင့် အမှတ်တစ်ဝက်နှင့် အနိုင်ယူသွားခဲ့ပါတယ်။

ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလားပိုလိုပြိုင်ပွဲကို ဧပြီ(၉)ရက်က စတင်ကျင်းပခဲ့ပြီး အာဂျင်တီးနား၊အမေရိကန်၊အီတလီ၊ အင်္ဂလန်၊ဘရာဇီးနှင့် အိုင်ယာလန်က အမျိုးသမီးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 Source AFP