Published 9 April 2022

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဂျပန်ရဲ့ တစ်ပတ်ရစ်ကားဟောင်းတင်ပို့တဲ့လုပ်ငန်းကို ထိခိုက်မှုတွေရှိနေပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစပြီး ဂျပန်နိုင်ငံ ချီးဘားစီရင်စုမှာ ရုရှားကိုတင်ပို့မယ့် တစ်ပတ်ရစ်ကားပေါင်း ၃၀၀၀ ကျော် စုပုံနေပါတယ်။

ပြီးခဲ့တဲ့လက လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျုံ့သွားတယ်လို့ အချို့ ကားရောင်းလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။  ဒီကားဟောင်းတွေနှင့် ဘာဆက်လုပ်ရမယ်မှန်းမသိဘူးလို့ ဆိုပါတယ်။

ယူကရိန်းနှင့် အထူးစစ်ဆင်ရေးစတင်ကတည်းက ရုရှားကို သင်္ဘောတင်ပို့လုပ်ငန်းတွေ ပြတ်တောက်ခဲ့ရပါတယ်။ ရုရှား ဘဏ်တွေကို ပိတ်ဆို့အရေးယူမှုတွေရဲ့ ရူဘဲလ်ငွေတန်ဖိုးကျဆင်းနေမှုတွေက ဂျပန်ရဲ့ တစ်ပတ်ရစ်ကား တင်ပို့မှု စီးပွားဝန်းကျင်ကို ပိုမိုဆိုးရွားနေစေတာဖြစ်ပါတယ်။

Source CMG