Published 8 April 2022

DHL အမှတ်တံဆိပ်တပ် ကုန်တင်လေယာဉ်ကြီးတစ်စီးဟာ ကောစတာရီကာ လေဆိပ်ကို

အရေးပေါ်ဆင်းသက်မှုပြုလုပ်စဉ် နှစ်ပိုင်းကျိုးကျသွားပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘူးလို့ သိရပါတယ်။ 

ကော့စတာရီကာနိုင်ငံ ဆန်ဂျိုဆေးက ဂျူအန်ဆန်တာမာရီယာ နိုင်ငံတကာလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရင်း လေယာဉ်ကြီးနှစ်ပိုင်းကျိုးသွားတာဖြစ်ပါတယ်။

လေယာဉ်မှူးဟာ စိတ်လှုပ်ရှားတုန်လှုပ်နေပေမယ့် ကျန်တဲ့ ဂွာတီမာလာနိုင်ငံသား လေယာဉ်အမှုထမ်းနှစ်ဦးကတော့ စိတ်တည်ငြိမ်မှုရှိပြီး ကြုံတွေ့ခဲ့သမျှတွေ မှတ်မိနေပါတယ်လို့ ကြက်ခြေနီကယ်ဆယ်ရေးသမား ဂီအီဒို ဗက်ကေးက ပြောပါတယ်။

Source AFP