#WorldHealth
Published 05 April 2022
နှာခေါင်းအစက်ချရသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားနိုင်ငံမှာအသိအမှတ်ပြုစာရင်းသွင်းလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာထုတ်ပြန်လိုက်ပါတယ်။


ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါနဲ့အဏုဇီဝဆိုင်ရာ ဂါမယ်လီယာသုတေသနမှထုတ်လုပ်လိုက်တဲ့ Gam-COVID-Vac (Sputnik V) နှာခေါင်းအစက်ချကာကွယ်ဆေးကို ရုရှားကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီကာကွယ်ဆေးမှာ type 16 နဲ့ type 5 adenovirus အမျိုးအစားတွေကိုအခြေခံထားတဲ့ ကာကွယ်ဆေးအစိတ်အပိုင်း ၂ မျိုးပါဝင်ပြီး ဆေးနှစ်ကြိမ်ကို ၃ ပတ်ခြားထိုးနှံရတာဖြစ်ပါတယ်။


ဒီကာကွယ်ဆေးက အသက်ရှူလမ်းကြောင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကိုခုခံတဲ့ အဓိကကာကွယ်နိုင်စွမ်းကိုဖန်တီးပေးပါတယ်။
နှာခေါင်းအစက်ချဆေးအသုံးပြုခြင်းဖြင့် သွေးထဲက IgA ပဋိပစ္စည်း၊ အသက်ရှူလမ်းကြောင်းရှိ အချွဲရည်များ၊ ဗိုင်းရပ်စ်ချေဖျက်ပေးတဲ့ သွေးထဲရှိ IgG ပဋိပစ္စည်းတွေများပြားလာစေပြီး ရောဂါခုခံအားကိုမြှင့်တင်ပေးပါတယ်။


SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုကိုတုန့်ပြန်တဲ့ ဆဲလ်ခုခံအားစွမ်းအားကိုလည်း မြှင့်တင်ပေးကြောင်း ဖော်ပြထားပါတယ်။
အခုအချိန်မှာ အသက် ၁၈ နှစ်အထက်လူများကို နှာခေါင်းအစက်ချကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။


ဒါ့အပြင် နှာခေါင်းအစက်ချကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ်လည်း ထိုးနှံပေးဖို့ရှိနေကြောင်း ရုရှားကျန်းမာရေးဝန်ကြီး'မစ်ခေးလ်မူရက်ရှ်ကို'က အစောပိုင်းကပြောကြားထားပါတယ်။
Source: TASS.