Published 19 March 2022

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်ဟာ တူရကီနိုင်ငံ ဒတ်ဒန်နယ်လေးစ်ရေလက်ကြားပေါ် ဖြတ်ကျော်ပြီး တူရကီအနောက်မြောက်ပိုင်းကို ဆန့်တန်းတည်ဆောက်ထားတဲ့ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားဖွင့်ပွဲကို သောကြာနေ့က တက်ရောက်ခဲ့ပါတယ်။

အာရှကနေ ဥရောပကိုခရီးသွားတဲ့အချိန်ကို ဒီတံတားကြောင့် ငါးမိနစ်အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

"1915 Canakkale Bridge" လို့အမည်ပေးထားတဲ့ ဒီတံတားဟာ ဒေါ်လာ ၂.၈ဘီလျံကုန်ကျခဲ့ပြီး တူရကီနှင့် တောင်ကိုးရီးယား ကုမ္ပဏီတွေတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ မျှော်စင်ကြီးနှစ်ခုအကြားက တံတားရဲ့ အလျားဟာ ၂.၀၂၃ ကီလိုမီတာရှိပါတယ်။တူရကီနိုင်ငံတာ်အလံအရောင်ဖြစ်တဲ့ အနီနှင့်အဖြူရောင်တွေ တံတားမှာခြယ်သပေးထားပါတယ်။

ဒီတံတားဟာ ယခင်က ကမ္ဘာ့အရှည်လျားဆုံးကြိုးတံတားဖြစ်တဲ့ ဂျပန်က အကာရှီကိုင်ကျိုတံတားကို ဖြတ်ကျော် စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

တံတားကို အော်တိုမန်တပ်များရဲ့ ရေတပ်အောင်ပွဲ ၁၀၇နှစ်ပြည့်နှင့် တိုက်ဆိုင်ဖွင့်လှစ်ခဲ့တာပါ။ အော်တိုမန်တွေဟာ ဗြိတိန်နှင့် ပြင်သစ်တပ်တွေကို  ပထမကမ္ဘာစစ်အတွင်း ချေမှုန်းအောင်ပွဲဆင်ခဲ့ကြတာဖြစ်ပါတယ်။

Source AFP