Published 7 March 2022

ယူကရိန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရာရုံး ICJ မှာ ပဋိပက္ခကို ရပ်တန့်ဖို့ ချက်ခြင်းအမိန့်တစ်ရပ်ချမှတ်ပေးဖို့ တိုင်တန်းလျှောက်ထားမှုနှင့်ပတ်သက်လို့ ဒီကနေ့မှာ နယ်သာလန်နိုင်ငံ၊သည်ဟိဟ်မြို့မှာ ကြားနာမှုပြုလုပ်ရာ ရုရှားက ကြားနာပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ တရားသူကြီးအဖွဲ့ သဘာပတိက ပြောပါတယ်။

နှုတ်ဖြင့်ကြားနာပွဲကို ရုရှားဖက်ဒရေးရှင်း တက်ရောက်မှုမရှိတဲ့အတွက် တရားရုံးက ဝမ်းနည်းမိပါတယ်လို့ ICJ ရဲ့  တရားသူကြီးအဖွဲ့ သဘာပတိ ဂျုန်းဒွန်နိုဟူးက ပြောပါတယ်။

နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇင်းဒါးရှုဂင်းက “ သူ့အစိုးရအနေနှင့် ကြားနာပွဲ တက်ရောက်ပါဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း တရားရုံးကို စာပို့ခဲ့တယ်လို့ သူမကပြောပါတယ်။

Source AFP