Published-2 August 2021
အကယ်၍ တောင်ကိုးရီးယားက အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်လျှင် ကိုးရီးယားနှစ်နိုင်ငံဆက်ဆံရေးပြန် တည်ဆောက်ရန်ဖြေရှင်းမှုအပေါ် ထိခိုက်လိမ့်မယ်လို့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ နှမဖြစ်သူ ကင်မ်ယိုဂျွန်းက ဩဂုတ်၁ရက်က သတိပေးလိုက်ပါတယ်။
 
ကိုးရီးယားနှစ်နိုင်ငံအကြား အရေးပေါ်လိုင်းHotlines တွေပြန်ဖွင့်ဖို့ လတ်တလောဆုံးဖြတ်တာကို ရုပ်ပိုင်းပြန်လည် ချိတ်ဆက် မှုတစ်ခုထက်ပိုပြီး မမြင်သင့်ဘူး၊ ပြီးတော့ ထိပ်သီးဆွေးနွေးပွဲဟာ နီးကပ်လာပြီလို့ ယူဆတာကလည်း စဉ်စားဉာဏ်မဲ့တာ ဖြစ်လိမ့်မယ်လို့ သူမကဆက်ပြောကြားပါတယ်။
 
နှစ်နိုင်ငံဆက်ဆံရေးပြန်လည်တည်ဆောက်တဲ့ အစိတ်အပိုင်းအဖြစ် ကိုးရီးယားခေါင်းဆောင်နှစ်ယောက် ထိပ်သီးတွေ့ဆုံဖို့ ပြောဆိုနေကြတဲ့အချိန်မှာ သူမရဲ့ယခုလို သုံးသပ်ချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။ အမေရိကန်နှင့် တောင်ကိုးရီးယားတို့ဟာ ဩဂုတ်လကုန်ပိုင်းလောက်မှာ နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင့်ဖို့ရှိနေပါတယ်။
 
“ တောင်ကိုရီးယားတွေ ရန်မူတဲ့စစ်ရေးလေ့ကျင့်ခန်းတွေ ဆက်လုပ်နေဦးမှာလား၊ဆုံးဖြတ်ချက်အကြီးကြီးချမှာလား ဆိုတာ ကျွန်မတို့ရဲ့အစိုးရနှင့်စစ်တပ်က အနီးကပ်စောင့်ကြည့်နေမယ်။ မျှော်လင့်ချက်ရယူခြင်း လား၊မျှော်လင့်ချက်ပျက်သုဉ်းခြင်းလား။ အဲဒါက ကျွန်မတို့နှင့်မဆိုင်ဘူး” လို့ ကေအင်စီအေရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ကင်မ်ယိုဂျွန်းကပြောပါတယ်။
 
၁၉၅၀-၅၃မှာ စစ်ပြေငြိမ်းပြီးတဲ့နောက် ကိုရီးယားနှစ်နိုင်ငံဟာ အခုထက်တိုင် အတတ်ပညာသဘောအရ စစ်ဖြစ်နေတုန်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာမြောက်ကိုးရီးယားကဖြတ်တောက်ခဲ့တြ့ နှစ်နိုင်ငံအကြား အရေးပေါ်လိုင်းတွေပြန်ချိတ်ဆက်ခဲ့ပါတယ်။
 
Source: Reuters