#WorldHealth

Published 1 January 2022

 

ကိုဗစ်ရောဂါပိုးရှိမရှိကို အိမ်မှာပင်အလွယ်တကူစစ်ဆေးလိုရတဲ့ Rapid Covid Home tests စစ်ဆေးနည်းတွေဟာ သန္ဓေပြောင်းလဲမှုတွေဖြစ်ပေါ်ထားတဲ့ အိုမီခရွန်မျိုးဗီဇကွဲကို စစ်ဆေးရာမှာတော့ အမှားတွေပါနိုင်ကြောင်း အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

နိုင်ငံအတွင်း စမ်းသပ်စစ်ဆေးမှုတွေ အကျပ်အတည်းဖြစ်နေတာကြောင့် ရောဂါပိုးတွေ့ရှိနိုင်မှုနည်းပါးခြင်း၊ ပိုမိုတိကျတဲ့ PCR test ပြုလုပ်ဖို့အတွက် အချိန်ကြာရှည်စွာစောင့်ဆိုင်းရခြင်း၊ အိမ်သုံးဆေးပစ္စည်းများ အလွန်ပြတ်လတ်နေခြင်းတို့နဲ့အတူ အမေရိကန်မှာ ကိုဗစ်ရောဂါလှိုင်းဖြစ်ပွားလျက်ရှိနေပါတယ်။

 

အိုမီခရွန်ဗိုင်းရပ်စ်အရှင်တွေပါဝင်တဲ့ လူနာနမူနာအသားစတွေနဲ့ အိမ်မှာအလွယ်တကူ စစ်ဆေးလို့ရတဲ့ antigen test စစ်ဆေးနည်းရဲ့ ထိရောက်မှုကို FDA နဲ့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်း (NIH)တို့က ပူးပေါင်းလေ့လာနေကြကြောင်း ဖော်ပြထားပါတယ်။ အစောပိုင်းတွေ့ရှိချက်တွေအရ antigen test တွေက အိုမီခရွန်ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ ယူဆထားပေမယ့် သိပ်ပြီးတော့ ထိရောက်မှုမရှိဘူးလို့ FDA က ဆိုပါတယ်။

 

အရင်စစ်ဆေးနည်းတွေမှာ ပိုကောင်းတဲ့ သက်ရှိဗိုင်းရပ်စ်အစား အပူပေးရတဲ့ အသက်မရှိဗိုင်းရပ်စ်နမူနာတွေကို အဓိကထားအသုံးပြုခဲ့ပြီး အခုမတိုင်ခင်အထိတော့ စစ်ဆေးချက်စွမ်းဆောင်ရည်ကျဆင်းတာကို မတွေ့ခဲ့ရပါဘူး။ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပရိုတိန်းတွေကို ရှာဖွေစစ်ဆေးတဲ့ antigen test ကို ဆက်လက်အသုံးပြုဖို့ FDA က ပြောကြားလိုက်ပြီး သုံးစွဲတဲ့သူတွေအနေနဲ့ ညွှန်ကြားချက်နဲ့အညီ ဆက်လက်အသုံးပြုသင့်ကြောင်း ဆိုပါတယ်။

 

အချို့ Rapid test တွေဆိုရင် ရောဂါပိုးမရှိကြောင်းအတည်ပြုနိုင်ရန် သုံးစွဲသူကို အချိန်အတိုင်းအတာတစ်ခုခြားပြီး စမ်းသပ်စစ်ဆေးနည်း ၂ ခုကို ပြုလုပ်ဖို့ညွှန်ကြားလေ့ရှိပါတယ်။ရောဂါလက္ခဏာပေါ်ပေါက်လာတာကြောင့် ဒါမှမဟုတ် ရောဂါပိုးနဲ့ထိတွေ့လာတာကြောင့် ကိုဗစ်ရောဂါဖြစ်နေပြီလို့ ယူဆရတဲ့လူတစ်ယောက်ဟာ Rapid test နဲ့စစ်ဆေးလို့ ရောဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့တယ်ဆိုရင် PCR test လိုမျိုး စံနှုန်းမီမော်လီကျူလာစစ်ဆေးနည်းတွေနဲ့ ထပ်မံစစ်ဆေးဖို့ အကြံပြုထားပါတယ်။

 

အဆိုပါစစ်ဆေးနည်းတွေက ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပစ္စည်းတွေကို ရှာဖွေစစ်ဆေးတာဖြစ်ပါတယ်။ဗိုင်းရပ်စ်ရဲ့ RNA တွေကို သန်းနဲ့ချီပြီး မိတ္တူပွားနိုင်တာကြောင့် ဗိုင်းရပ်စ်အနည်းငယ်သာ ပါခဲ့ရင်တောင် အဖြေအတိကျနိုင်တာဖြစ်ပါတယ်။

Source: Franc 24.

#Yangon_Media_Group