#LocalNews
Published_ 11 December 2022

 

နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၀၀)ဦးကိုBank of China(Hong Kong)၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းအနေဖြင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊

 

Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့အတူ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen ၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao ၊ Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဌ Mr. Liu Ying နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာ၌ Bank of China က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသစ်များကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် တရုတ်ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် လူမှုရေးတာဝန်များ တက်တက်ကြွကြွ ထမ်းဆောင်မှု၊ ပြည်သူများအား အကျိုးပြုမှုကို ထင်ဟပ်နေကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းများနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးရန် ထောက်ခံအားပေးကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယင်းစီမံကိန်းသည် အကျိုးခံစားခွင့်ရသော ကျောင်းသားကျောင်းသူများကို အကျိုးပြုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အားဖြည့်ပေးသည့်အတွက် မြန်မာနိုင်ငံမှ များစွာချီးကျူးကြောင်း ပြောကြားသည်။

 

Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao က ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group