#World_News
Published 15 Nov 2022

 

တရုတ်မီဒီယာအုပ်စုက ထုတ်လုပ်တဲ့ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်လမ်းရုပ်ရှင်နှင့် “ ခရီးသစ်ပေါ်က တရုတ်ပြည်” သတင်းဇာတ်ကားတို့ကို အင်ဒိုနီးရှားနှင့် ထိုင်းဘာသာစကားများဖြင့် ဆက်လက်ထုတ်လုပ်ခဲ့တယ်လို့ CGTNက သတင်းရေးသားပါတယ်။

 

အဆိုပါ ဇာတ်ကားနှစ်ကား တရားဝင်ထုတ်လုပ်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် တနင်္လာနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပခဲ့ရာမှာ တရုတ်မီဒီယာအုပ်စုရဲ့ ဥက္ကဋ္ဌ ရှန် ဟိုင်းရှုန်းက အမှာစကားပြောကြားခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ကမ္ဘောဒီယား၊ အိန္ဒိယ၊လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာ၊တူရကီနှင့် အခြားနိုင်ငံတွေမှ မီဒီယာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

“ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအပေါ် ရှီရဲ့နက်ရှိုင်းစွာနားလည်မှုနှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုကို ဘယ်သို့စီမံအုပ်ချုပ်မည်ဆိုတဲ့ သူ့ရဲ့ ခံယူချက်အမြင်တွေကို ဖော်ကျူးထားတယ်လို့ဆိုပါတယ်။

 

“ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကတော့ တရုတ်နိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေနှင့် တကယ့်ဘဝဇာတ်လမ်းတွေနှင့် အတူယူစရာတွေကို ဖော်ကျူးထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။

 

အခမ်းအနာမှာ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားကို ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေပြသမယ်လို့ TVRI အင်ဒိုနီးရှား ဒုတိယဥက္ကဋ္ဌ အန်ဒီအက်စ်ရူဆန်နီ ဖာယူဆန်နှင့် ထိုင်းနိုင်ငံ နေရှင်းအုပ်စု စီမံခန့်ခွဲရေးအမှုဆောင် အဒီဆက်လင်ပါရန်ပက်တန်နာကစ်တို့က ရှန်နှင့်အတူကြေညာပါတယ်။ အဲဒီအပြင် “ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကိုလည်း ထိုင်း၊ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာနှင့် တူရကီနိုင်ငံတွေက အဓိကရုပ်သံလိုင်းတွေက ပြသသွားမယ်လို့လည်းကြေညာခဲ့ပါတယ်။

Source CGTN
#Classics_Quoted_by_Xi_Jinping
#China_on_a_New Journey