Published 6 Nov 2022

တရုတ်နိုင်ငံက အမှီအခိုကင်းစွာ တည်ဆောက်ခဲ့တဲ့ အကြီးစား ယူအေဗွီ ဒရုန်း ဝင်းလွန်း ဝမ်း အီး Wing Loong-1E ကို တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူးဟိုင်းမြို့မှာ အင်္ဂါနေ့ ကျင်းပမယ့် တရုတ်လေကြောင်းပြပွဲ ၂၀၂၂ မှာ ပြသတော့မှာ ဖြစ်ပါတယ်။

အဆိုပါအကြီးစားလူမဲ့ ဒရုန်လေယာဉ်ကို AVIC(ချန်ဒူး) UAVစနစ်ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပါတယ်။ Wing Loong-1E ဟာ ဝင်းလွန်း ယူအေဗွီ မိုဒယ်အတွဲထဲမှာ နောက်ဆုံးထုတ်ပုစံဖြစ်ပြီး ယူအေဗွီပလက်ဖောင်းကို အဆင့်မြှင့် တင်ထားပါတယ်။

“ ဝင်လွန်း ယူအေဗွီမိသားစုအတွက်  ပျံသန်းချိန်ပေါင်း တစ်သိန်းလေးသောင်းကျော်နှင့် နည်းပညာဖွံဖြိုးတိုးတက်မှု နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို စုစည်းထားပါတယ်။ ဒီအတွေ့အကြုံတွေအားလုံးကို မိုဒယ်လ်အသစ်နှင့် ပလက်ဖောင်းအသစ် တည်ဆောက်ရာမှာ အသုံးချထားပါတယ်။  ဝန်အား တစ်တန်မှ နှစ်တန်ထိ သယ်ဆောင်နိုင်တဲ့ အခြားသော ကမ္ဘာ့ ဒရုန်းတွေအကြား ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်တည်ဆောက်ထားပါတယ်” လို့ ဒရုန်းအသစ်ရဲ့ ဒီဇိုင်း အင်ဂျင်နီယာချုပ် တန်ယောင်းက ပြောပါတယ်။

ဒရုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကနဦးပျံသန်းမှု ပြီးဆုံးခဲ့ပါတယ်။ အဲဒီအပြင် မြေပြန့်လွင်ပြင်တွေ၊ ကုန်းမြေမြင့်တွေနှင့် ဝန်သုံးပျံသန်းမှုတွေအပါအဝင်စမ်းသပ်ပျံသန်းမှုများစွာလည်းပြီးဆုံးခဲ့ပါတယ်။

ဝင်လွန်း-၁ နှင့်  ဝင်းလွန်း-၂ အပါအဝင် အခြားသော ဝင်လွန်း ယူအေဗွီမိသားစုဝင် ဒရုန်းတွေကိုလည်း နိုဝင်ဘာ ၁ရက်မှ ၈ရက်အထိ ပြုလုပ်မယ့် အဲဒီပြပွဲမှာ ပြသမယ်လို့လည်း တန်က ပြောပါတယ်။

“ ဝင်လွန်း၁ နှင့် ဝင်းလွန်း ၁- အီး တို့ကို ကင်းထောက်ရာနှင့် တိုက်ခိုက်ရာမှာ အဓိက အာရုံစိုက်ထားပါတယ်။ ဝင်းလွန်း-၂ ကို ကင်းထောက်ရာ၊တိုက်ခိုက်ရာနှင့်  အီလက်ထရိုမဂ္ဂနက်တစ်စွက်ဖက်မှု၊အီလက်ထရွန်းနစ် ကင်းထောက်မှုနှင့် ရေဒါ ကင်းထောက်မှုတို့လိုမျိုး အထူးစစ်ဆင်ရေးတွေအတွက် လုပ်ဆောင်မှုတွေ ထည့်သွင်းထားပါတယ်။ အနာဂတ်မှာ လာမယ့် မိုဒယ်အသစ်တွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်တာတွေပါဝင်လာမှာပါ” လို့လည်း တန်ကပြောပါတယ်။

Source CCTV+