Published 2 Nov 2022

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေဟာ နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့က အာဆီယံကျောင်းသူကျောင်းသားများ အာကာသယာဉ်မှူးများနှင့်စကားပြောဆိုခြင်း အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ရှန်ကုန်း အာကာသစခန်းမှာ အလုပ်လုပ်နေတဲ့ အာကာသယာဉ်မှူးတွေနှင့် ဗွီဒီယိုနှင့် စကားပြောဆိုခဲ့ကြပါတယ်။

တရုတ်နိုင်ငံနှင့် ဘရူးနိုင်း၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊ထိုင်းနှင့် ဗီယက်နမ် ပါဝင်တဲ့ အာဆီယံနိုင်ငံတွေက ကျောင်းသူ ကျောင်းသား ၁၀၀၀ နီးပါးခန့်ဟာ သူတို့ သိလိုစိတ်ပြင်းပျနေတာတွေကိုမေးမြန်းခဲ့ကြပါတယ်။  အာကသယာဉ်မှူးတွေဟာ အာကသထဲမှာ အင်တာနက်ကြည့်လို့ရလား၊ နေမကောင်းရင်ဘယ်လိုလုပ်မလဲ၊  အာကာသယာဉ်မှူးဘယ်လိုဖြစ်လာသလဲ၊ နှင့်  အာကာသထဲမှာ အထင်ကြီးစရာအကောင်းဆုံးအရာက ဘာလဲစတာတွေ ကို မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ရဲ ပင်မနေရာက ဘေဂျင်းမှာဖြစ်ပြီး နေရာခွဲတွေအဖြစ် ဘရူးနိုင်း၊မလေးရှား၊ မြန်မာ၊ဖိလစ်ပိုင်၊ ထိုင်းှင့် ဗီယက်နမ်တို့မှာ ထားရှိကာ အာကာသယာဉ်မှူးတွေကို ဗီဒီယိုလင့်ခင်နှင့် ချိတ်ဆက် စကားပြောကြတာပါ။

ရှန်ကျုံး-၁၄ က အာကာသယာဉ်မှူး(၃)ဦးထဲက အမျိုးသမီး အာကာသယာဉ်မှူး လျူယန်းက သူမရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ကျောင်းသူကျောင်းသားတွေထံ မျှဝေခဲ့ပါတယ်။

“  EVA အလုပ်က အချိန်များများလိုတယ်။ ပဏာမကြိုတင်ပြင်ဆင်ရာကနေ EVA ပြီးနောက် ပြန်လည် ပုံမှန်ဖြစ်ဖို့ ရက်ပေါင်းများစွာလိုအပ်တယ်။ ကျွန်မတို့ အာကာသထဲမှာ ခြောက်နာရီကနေ ခုနှစ်နာရီအထိ မရပ်မနား အလုပ်လုပ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် EVA ဟာ ကျွန်မတို့ရဲ့ ကိုယ်စိတ်အနေအထားနှစ်မျိုးစလုံးကို ကောင်းမွန်တဲ့စမ်းသပ်မှု တစ်ခုဖြစ်တယ်။ ကံကောင်းစွာပဲ မြေပြင်မှာ သိပ္ပံနည်းကျ လေ့ကျင့်မှုတွေ လုပ်ပြီးတဲ့နောက်  ကျွန်မတို့ လက်ရှိ အာကာသယာဉ်မှူးတွေ EVA နှစ်ခုစလုံး အောင်မြင်ပါတယ်။ EVA အားလုံး အသေအချာ ပြီးမြောက်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” လို့ လျူက ပြောပါတယ်။

ရှန်ကျုံး ၁၂ နှင့် ရှန်ကျုံး ရတို့ က အာကာသယာဉ်မှူး လျူ ဘွန်မင်းဟာ  ဘေဂျင်းမှာရှိတဲ့ ပင်မတွေ့ဆုံရာနေရာကိုလာပြီး မမေ့နိုင်စရာ အာကာသအတွေ့အကြုံတွေကို မျှဝေသွားပါတယ်။

မကြာသေးမီနှစ်များအတွင်းကစကာ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေနှင့် အာကာသနည်းပညာအသုံးချမှု၊ဆက်သွယ်ရေးဂြိုဟ်တုတည်ဆောက်မှုနှင့် အာကာသ တိုင်းတာခြင်းတို့ မှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခဲ့ပါတယ်။

“ တစ်ရက်မှာ မင်းတို့ရဲ့ အာကာသအိပ်မက်တွေ တကယ်ဖြစ်လာကြမှာ။ တရုတ်နှင့် အာဆီယံတို့ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကနေ အသီးအပွင့်တွေရရှိခံစားနိုင်ဖို့ ဆုတောင်းပါတယ်” လို့ ရှန်ကျူံး၁၄ က နောက်ထပ် အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ ချန်တောင်းက ပြောပါတယ်။

ရှန်ကျုံးမစ်ရှင်းမှာ လက်ရှိ အာကာသယာဉ်မှူး (၃)ဦးရှိနေပြီး  ဒီနစ်အကုန်မှာ အာကာသစခန်းတည်ဆောက်မှု ပြီးစီးစေဖို့  လာမယ့်လာတွေမှာ အခြားအာကာသယာဉ်မှူတွေ ထပ်မံရောက်ရှိလာပါလိမ့်မယ်။

Source CCTV+

 

#ASEAN_students_talk_with_Chinese Astronauts

#China_Space_technology

#Shenzhou-14