Published 30 October 2022

တရုတ်နိုင်ငံ ‌တောင်ပိုင်းကကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟိုင်နန်းပြည်နယ်မှာ သောကြာနေ့က အကောက်အခွန်မဲ့ မြို့တစ်မြို့ကို ဖွင့်လှစ်လိုက်ကြောင်း ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောပါတယ်။

ဟိုင်းနန်းပြည်နယ်ရဲ့ မြို့တော်ရဲ့ မြို့လယ်မှာတည်ရှိတဲ့  ဟိုင်ခိုနိုင်ငံတကာ အကောက်အခွန်မဲ့ Duty-Free  မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၃၀,၀၀၀ ရှိပါတယ်။  ဈေးဝယ်သူတွေအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အမှတ်တံဆိပ် အကောက်အခွန်မဲ့ ကုန်စည်ပေါင်း ၈၀၀ ကျော်ကို ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။

ဖောက်သည်တွေကိုပိုပြီး ဆွဲဆောင်ဖို့အတွက် အကြိုက်တွေ့စရာ မူဝါဒတွေနှင့်အတူ လေဆိပ်တွေ၊ဆိပ်ကမ်းတွေနှင့် ကမ်းလွန်ကျွန်းတွေမှာရှိတဲ့ အကောက်အခွန်မဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ယခု မြို့တွင်း အကောက်အခွန်မဲ့ ဆိုင်တွေဟာ စိတ်ဝင်စားမှု သိသိသာသာရရှိနေပါတယ်။

ကြီးမားတဲ့ အကောက်အခွန်မဲ့ ဈေးဝယ်စင်တာကြီးတစ်ခုဟာ ဟိုင်းနန်း လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုရဲ့ နောက်ထပ် အထိမ်းအမှတ်သင်္ကေတ တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာ ဟိုင်နန်းကျွန်း ပြည်နယ်မှာ အကောက်အခွမဲ့ဆိုင်တွေ ၁၁ဆိုင်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ တန်ဖိုးကြီး ပစ္စည်းတွေ သွားရောက်ဝယ်ယူစီးဆင်းမှု နောက်ကြောင်းပြန်စီးဆင်းဖို့နှင့် စားသုံးမှုကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး အကောက်အခွန်မဲ့ လုပ်ငန်းတွေတိုးချဲ့နေတာဖြစ်ပါတယ်။

Source: CCTV+

 

#Duty_Free_Town_China

#Hainan’s_duty_free_town

#China_Economy