Published 8 Feb 2023

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှိပြည်နယ်ရဲ့ ရှီယန်မြို့မှာ မြို့ရဲ့ပထမဆုံးသော မောင်းသူမဲ့(အလိုအလျောက်မောင်း) လှေခရီးစဉ်တစ်ခုကို မကြာသေးမီက စတင်ခဲ့ပါတယ်။ အဲဒီမောင်းသူမဲ့လှေဟာ ရှေးဟောင်းမြို့ရဲ့ နံရံဘေး ကျုံးတစ်လျောက်မောင်းနှင်ခဲ့ပြီး တစ်မူထူးခြားတဲ့ မြင်ကွင်းတွေကို ကြည့်ရှုဖို့ ခေတ်သစ်သဘောတရားတစ်ခုကို ဆောင်ကြဉ်းလာတာဖြစ်ပါတယ်။

နှစ်ကီလိုမီတာရှည်လျားတဲ့ အဲဒီခရီးစဉ်မှာ ခရီးသည်တွေဟာ အပျော်ခရီးတစ်ခုရရှိပြီး လှေပေါ်မှာ မီးဖိုနှင့်ဆူပွက်ထားတဲ့ လက်ဖက်ရည်ကြမ်းကို လှေမောင်းနှင်နေရင်း သုံးဆောင်နိုင်ကြပါတယ်။ လှေဟာ ရာစုနှစ်များစွာသက်တမ်းရှိပြီဖြစ်တဲ့ ရှီယန်မြို့ခံတပ်ကြီးတစ်လျောက်လှည့်လည်မောင်းနှင်ပေးနေပါတယ်။

အဲဒီ အလိုအလျောက်မောင်းလှေကို ဒစ်ဂျစ်တယ်ဘုတ်ပြားတွေနှင့် အရည်အသွေးမြင့် ပတ်လည်စပီကာတွေတပ်ဆင်ပေး ထားပါတယ်။

“ ရှီယန်မြို့ရဲ့ နှစ်ဖိုဖွယ်ကောင်းတဲ့သမိုင်းနှင့်ယဉ်ကျေးမှုတွေကို ခံစားခွင့်ရပါတယ်။ ဒီလှေဟာ သိပ္ပံနှင့်နည်းပညာ အငွေ့အသက်တွေ အပြည့်အဝခံစားရပါတယ်” လို့ ခရီးသွားတစ်ဦးဖြစ်တဲ့ လီဟောင်ယူက ပြောပါတယ်။

ယခုလျှပ်စစ်လှေကို ပြည်နယ်ရဲ့ သိပ္ပံနည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ အောကောဘုတ်ခ်က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လှေရဲ့ခေါင်ပေါ်မှာ  ဆိုလာပြားတွေတပ်ဆင်ပေးထားပြီး နေ့စဉ် မွန်းတည့် ၁၂နာရီမှ ည(၈)ရီအထိ ပြေးဆွဲပေးပါတယ်။ လှေတစ်စီးကို ခရီးသည် ၈ဦးကနေ ၁၀ဦးအထိတင်ဆောင်နိုင်ပါတယ်။

“ လှေဟာ အတားအဆီးတွေကို အလိုအလျောက်ရှောင်ကွင်းပြီး မောင်းနှင်နိုင်ပါတယ်။ ဧည့်သည်တွေဟာ ရှီယန်ခံတပ်ကြီးရဲ့ နက်နဲတဲ့သမိုင်းကို ခံစားနိုင်ပြီး ကျုံးတစ်လျှောက် လှပတဲ့ရှုခင်းတွေကိုလည်း ကြည်နူးနိုင်ပါတယ်။ ဒီလှေဟာ ရှီယန်က ဘယ်လောက်တောင် သိပ္ပံနှင့်နည်းပညာတိုးတက်နေတယ်ဆိုတာပြသတာလည်းဖြစ်ပါတယ်” လို့  အောကောဘုတ်ခ် ကုမ္ပဏီရဲ့ ဈေးကွက်ဌာနမှူး ကျန်ဝေဘင်းက ပြောကြားလိုက်ပါတယ်။

Source CCTV+

#first_self-driving_boat_China

#China_ Shaanxi

#Electric_boat