Published 12 July 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆို လပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
မဟာမင်္ဂလာ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနဿရ၊ တိပိဋက ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြု သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပါတယ်။
အဆိုပါ အခမ်းအနားသို့ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin(အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့အစည်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓ အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်း များ၊ သံရုံးများမှ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြခဲ့ကြပါတယ်။
အခမ်းအနားတွင် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြပါတယ်။
အဲဒီနောက် နစကဥက္ကဋ္ဌ နှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များအား သီတဂူဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော်ကြပါတယ်။
ယင်းနောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်၍ ပရိတ် နံ့သာရည် များ ပက်ဖျန်းကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော် အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ရွှေစည်းခုံပုံတူစေတီတော်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး သီတဂူ ဆရာတော်ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် ဝမ်းမြောက် ဩဝါဒ စကားမြွက်ကြားခဲ့ပါတယ်။
ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်း ရှည်ကြာ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံလိုပါကြောင်းဖြင့် လျှောက်ထားတင်ပြပါတယ်။
ယင်းနောက် လားမားဘုန်းတော်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့က ဝမ်းမြောက်စကားများ အသီးသီးပြောကြားခဲ့ကြကြောင်းသိရှိရပါတယ်။
#Russia_Myanmar_Ties
#Myanmar_Buddhism_Russia
- Category: Myanmar
- Hits: 861
Published 12 July 2022
Myanmar SAC Chairman and Commander-in-Chief of the Armed Forces, Senior General Min Aung Hlaing had a working meeting with Senior officials from Ministry of defense attending on behalf of the Russian Defense Minister Sergei Kuzhugetovich Shoiguat at MOD in Moscow on Monday.
The meeting was attended by SAC Chairman SG Min Aung Hlaing, Joint Secretary of the Council Lt-Gen Ye Win Oo, Commander-in-Chief (Air) General Tun Aung; Senior military officers from the Office of the Commander-in-Chief, U Lwin Oo, Myanmar Ambassador to Russia and Brigadier General Moe Kyaw of the Myanmar Military Attaché to Russiaand Senior officials from the Russian military.
During the meeting, the two sides exchanged views on ways to enhance existing friendship and military-technical cooperation between the two armed forces. The Myanmar military to continue in participating in defense capabilities competitions and exercises in Russia. The two sides also exchanged views on the current political situation in Myanmar and the ongoing cooperation between the two governments and the two armed forces in various fields, according to MRTV, state broadcaster of Myanmar.
#Myanmar_Russia_Ties
#Yangon_Media_Group
- Category: English Section
- Hits: 1721
Published 12 July 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အလုပ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ အကြီးအကဲများနှင့်အတူ ရုရှား တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/mnn
#Yango_Media_Group
- Category: Myanmar
- Hits: 526
Published 12 July 2022
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယနေ့လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဟာ အဲဒီ စာချွန်လွှာလက်မှတ်ရေးထိုးရာသို့ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းများကဆိုပါတယ်။
နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations သို့ သွားရောက်ခဲ့ကာ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အလက်စီ လီခါချော့ဖ်) ဦးဆောင်တဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနှင့် ရုရှား နှစ်နိုင်ငံအကြားမှာ နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေမှာ နှစ်နိုင်ငံပြည်သူလူထု အကျိုး ရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံ နစက၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations မှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထို့အပြင် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်၍ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr.Dmitry Rogozin (ဒီမီတရီ ရာဂိုဇင်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကိုလည်းကောင်း တစ်ဖွဲ့ချင်းစီအလိုက် သီးခြားစီ တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် နစက ဥက္ကဋ္ဌနှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ၊ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူး ချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
- Category: Myanmar
- Hits: 805
Published 12 July 2022
ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းက 7-Eleven(ဆဲဗင်းအလဲဗင်း) စတိုးဆိုင် (၆)ဆိုင်မှာ တနင်္လာနေ့ မိုးသောက်ချိန်ခန့်မှာ သေနတ်ပစ်ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ(၂)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အဲဒီ သေနတ်ပစ်လုယက်မှုကျူးလွန်တဲ့ (၆)နေရာထဲက အနည်းဆုံး (၃)နေရာမှာ ကျူးလွန်ခဲ့တယ်လို့ သံသယဖြစ်သူ တစ်ကိုယ်တော် သေနတ်သမားကို ရဲတွေက ရှာဖွေနေပါတယ်။
ဇူလိုင်၁၁ရက် မိုးသောက်ချိန်ခန့်ကနေ နာရီပေါင်း ငါးနာရီအတွင်း အကြမ်းဖက်မှု (၆)ခု ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်ဟာ ဆဲဗင်းအလဲဗင်းရဲ့ ၉၅နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆလာပီအအေးတွေ အခမဲ့ တိုက်နေတာ လည်းဖြစ်ပါတယ်။
အွန်တာရီယို၊အပ်လန်း၊ရေဗားဆိုက်၊ဆန်တာအန်နာ၊ဘရီယာနှင့် လာဟာဘရာမြို့တွေမှာ ဒီလိုအကြမ်းဖက်မှု ဘာကြောင့် လုပ်သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။
“ဒီအမှုကျူးလွန်သူကိုယ်တိုင်ကပဲ ဖြေပေးနိုင်လိမ့်မယ်” လို့ ရေးဗားဆိုက် ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရသူ အရာရှိ ရိုင်ယန်ရေးးဘက်ကပြောပါတယ်။
ဆဲဗင်းအလဲဗင်းကို ခုနှစ်လပိုင်း ၁၁ရက်မှာ တိုက်ခိုက်တာ တိုက်ဆိုင်မှုတော့ မဖြစ်လောက်ဘူးလို့လည်း သူက ပြောပါတယ်။
သေဆုံးသူတွေနှင့်မိသားစုဝင်တွေနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဆဲဗင်း အလဲဗင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။
ပထမဆုံးပစ်ခတ်ဓားပြတိုက်မှုကို လော့အင်ဂျလိအရှေ့ဖက် ၃၅ မိုင်ဝေးကွာတဲ့ အွန်တာရီယိုမြို့မှာ ညသန်းခေါင်စတင်ခဲ့တာဖြစ်ပါတယ်။ Mask တပ်ထားတဲ့ အမျိုးသားတစ်ဦး သေနတ်ကိုင်ပြီး စတိုးဆိုင်ထဲဝင်လာကာ ဝန်ထမ်းထံကနေ ပိုက်ဆံတောင်းပါတယ်။သူက သေနတ်မပစ်ခဲ့သလို ဘယ်သူမှလည်း ဒဏ်ရာမရခဲ့ပါဘူးတဲ့။ ဒါပေမယ့် ပိုက်ဆံ ပါသွားသလား မပါသွားသလားလည်း အသေအချာမသိသေးဘဲရှိနေပါတယ်။
အဲဒီနောက် ၄၅မိနစ်အကြာမှာ အခုစတိုးနှင့် ၅ မိုင်လောက်ကွာဝေးတဲ့အပ်လန်းက စတိုးဆိုင်မှာ အလားတူဓားပြတိုက်မှုဖြစ်ခဲ့ပါတယ်။အဲဒီမှာလည်း ဒေါ်လာ ၄၀၀ကနေ ၅၀၀ အထိငွေတွေနှင့် ဆိုင်ကပစ္စည်းအချို့ယူပြီး ဓားပြဟာထွက်သွားခဲ့ပါတယ်။ သေနတ်ပစ်မသွားခဲ့ပါဘူး။
တစ်နာရီအကြာမှာ အပ်လန်းက ၂၅မိုင်ဝေးတဲ့ ရေးဗားဆိုက်က ဆိုင်မှာ သေနတ်ပစ်ပြီး ဓားပြတိုက်ခဲ့ပါတယ်။ သေနတ်ပစ်ခံရတဲ့ ဝန်ထမ်းဟာ စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။
အဲဒီနောက် မနက် ၃နာရီ ၂၀မိနစ်ခန့်မှာ ဆန်တာ အန်နာမှာဖြစ်ပွားခဲ့ပြန်ပါတယ်။
မိနစ် ၄၀ အကြာမှာ ဘရီယာက စတိုးမှာ သေနတ်ပစ်ခံရပြီး သေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအပြီး တစ်နာရီမပြည့်ခင် မနက် ၄ နာရီ ၅၅မိနစ်ခန့် မှာ လာဟာဘရာ စတိုးဆိုင်မှာ ပစ်ခတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေနတ်ကျည်ဆံထိမှန်ခံပါတယ်။ အာဏာပိုင်တွေက ပစ်ခတ်ခံရသူတွေ အခြေအနေထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Source AP
#US_7_Eleven_Store_Shooting
#7_Eleven_robbery
#US_Gun_Issue
- Category: Business
- Hits: 955
Published 12 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ နိဗ္ဇာန်ယာဉ်ဟာ ဇူလိုင် ၁၂ရက်က ဂျပန်ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ အလေးအမြတ်ပြုဖို့အတွက် ခေတ္တရပ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အဆင့်မြင့်အစိုးရအရာရှိကြီးတွေက သူတို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ရုပ်ကလပ်ကို လက်အုပ်ချီကန်တော့ပြီး အလေးအမြတ်ပြုခဲ့ကြပါတယ်။
အာဘေးဟာ နာယာမြို့မှာ သေနတ်သမာတစ်ဦးရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရုံးက အလံတိုင်မှာလည်း ဂျပန်နိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ် တိုင်တစ်ဝက်လွှင့်ထူထားပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ဈာပနကို မိသားစုသီးသန့် ပြုလုပ်မှာဖြစ်ပြီး ဂျပန်တစ်နိုင်ငံလုံးက ပြည်သူတွေက ကွယ်လွန်သူ ခေါင်းဆောင်ဟောင်းအတွက် ကြေကွဲဝမ်းနည်းနေကြပါတယ်။
Source AFP
#Japan_Former_PM_Abe_Funeral
#Shinzo_Abe_Funeral
#Japan_Poliitcs
#ရှင်ဇိုအာဘေး
- Category: World
- Hits: 593
Published 11 July 2022
နော့ဒ်စီးကြောင်း-၁ လို့အမည်ပေးထားတဲ့ ရုရှားကနေ ဥရောပကို ဓာတ်ငွေ့ပို့လွှတ်တဲ့ အဓိက ပိုက်လိုင်းကို တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက်ဆိုပြီး တနင်္လာနေ့က ပိတ်လိုက်ပြီး ပိုက်လိုင်းပိတ်တာ ၁၀ရက်ခန့်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပိတ်လိုက်လို့ ဥရောပမှာ ဓာတ်ငွေ့မလုံလောက်မှု ပိုကြီးမားလာလိမ့်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
အစိုးရဟာ ရုရှားရဲ့ ဓာတ်ငွေ့ထောက်ပံ့ပို့ဆောင်မှု အပြည့်အဝဖြတ်တောက်တာအတွက် အစီအစဉ်တွေလုပ်နေတယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမာရီက ပြောပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ငွေ့ရရှိမှုစုစုပေါင်းရဲ ၁၇ရာခိုင်နှုန်းခန့်ကို ရုရှားက တင်သွင်းနေရတာပါ။ ရုရှား-ယူကရိန်း ပဋိပက္ခစကတည်းက ဥရောပနိုင်ငံတွေဟာ ရုရှားကလွဲပြီး အခြားနိုင်ငံတွေထံမှ သဘာဝဓာတ်ငွေ တင်သွင်းမှုကို တိုးမြှင့်နေခဲ့ကြပါတယ်။
ဒါပေမယ့် ဖင်လန်နိုင်ငံရဲ့ စွမ်းအင်နှင့်သန့်စင်လေ သုတေသနစင်တာရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြင်သစ်ဟာ ရုရှားထံက ရေနံဓာတ်ငွေ့ရည်(LNG) ကို အများအပြားဝယ်ယူနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
နှစ်ပတ်လည်ပြုပြင်မွမ်းမံမှုအပြီးမှာ နော့ဒ်စီးကြောင်း-၁ ပိုက်လိုင်းကို ရုရှားက ဆက်ပြီးပိတ်ထားမယ်ဆိုရင် ဖြစ်နိုင်ချေရှိနေတဲ့ ပြိုလဲကျမှုတွေကို ဂျာမနီကလည်း စိတ်ပူပန်နေပါတယ်။
ဂျာမနီဟာ နိုဝင်ဘာအထိ သူတို့ရဲ့သိုလှောင်နိုင်စွမ်းရဲ့ ၉၀ရာခိုင်နှုန်းအထိ စုဆောင်းရရှိထားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ၆၂.၆ ရာခိုင်နှုန်းပဲရှိနေပါတယ်။
စွမ်းအင်မလုံလောက်မှုတွေဟာ ဂျာမန်ကို နှစ်ပေါင်းမျာစွာ ရိုက်ခတ်နေလိမ့်မယ်လို့ ဂျာမန် အဓိပတိ အိုလက်ရှခိုးလ်က စနေနေ့တုန်းက သတိပေးလိုက်ပါတယ်။
စွမ်းအင်မလုံလောက်မှုတွေအတွက် ပြင်ဆင်ဖို့ ရေတိုအဆင့်တွေ အတော်များများကို အစိုးရက လုပ်ဆောင်ပြီးပါပြီလို့ သူကပြောပါတယ်။ ဂျာမနီဟာ ရေနံ၊ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့တွေကို အမှီအခိုကင်းလာအောင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အချိုးအစားတိုးချဲ့ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
Source CCTV+
#Russia_Gas
#Nord_Stream_1
#Russia_Ukraine_war
- Category: Business
- Hits: 980