Published_ 31 December 2022

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ပါဝင်တက်ရောက် ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ထိုသို နစကဥက္ကဋ္ဌနှင့်ဇနီးတိုအား ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပါတယ်။

ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီး အကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များဖြစ်ကြတဲ့ ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏သား ဦးသီဟစော၊ ဦးနေဝင်း၏သမီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး ဒေါ်နေရည်ဗဆွေ၊ ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၏သား ဦးဇော်ထွန်းနှင့် ဦးစိန်လွင်၏သမီး ဒေါက်တာချိုလွင်ဦးတိုအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေထိုင်စားသောက်မှု အခြေအနေများ၊ တစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများနှင့် အခြားလိုအပ်ချက်များကို မေးမြန်အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ygm_mnn

#Yangon_Media_Group