#Local_News
Published_ 30 December 2022

 

အဆိုတော်မျိုးကြီး၏'မလာပါနဲ့'သီချင်း၊ အဆိုတော်လေးဖြူ၏ ''ငါ့ရဲ့လမင်း'သီချင်းစသည့် နာမည်ကျော်တေးသီချင်းများကို ရေးစပ်ဖန်တီးခဲ့သူ တေးရေး၊ တေးဆိုရယ်ဂျီ(ခေါ်)ဦးစန်းလွင်ဦး ကွယ်လွန်သွားကြောင်း သိရသည်၊၊

 

ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းကကွယ်လွန်သွားခြင်း ဖြစ်ပြီးကွယ်လွန်ချိန်တွင် အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သည်၊၊

 

ဂီတလောကတွင် တေးသီချင်းကောင်းများကို ရေးစပ်ဖန်တီးခဲ့သည့် တေးရေး၊တေးဆိုရယ်ဂျီကွယ်လွန်သွားသည့်အတွက် ဂီတလောကသားများ၊ပရိတ်သတ်များက အထူးဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက် စာမျက်နှာထက်တွင်ဖော်ပြထားကြသည်၊၊

 

ကွယ်လွန်သွားပြီဖြစ်သည့် တေးရေး၊ တေးဆိုရယ်ဂျီ(ခေါ်)ဦးစန်းလွင်ဦးကို ဇန်နဝါရီ(၂)ရက်၊ နံနက်(၉)နာရီတွင် စိန်လာဇရူးဘုရားကျောင်း၌ ဝတ်ပြုရှိခိုးဆုတောင်းပြီး ထိန်ပင်သုဿန်တွင် သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

တေးရေး၊ တေးဆိုရယ်ဂျီသည်အဆိုတော်လေးဖြူသီဆိုထားသည့် "ငါ့ရဲ့လမင်း"၊ မျိုးကြီး သီဆိုထားသည့် "မလာပါနဲ့"၊ "လက်ခံပေးပါ"၊ "ဓါတ်ပြားဟောင်း"၊ "၃ နာရီ"၊ မဒီ သီဆိုထားတဲ့ "အချစ်ဖြင့်လွမ်းစေ" စသည့် နာမည်ကြီးသီချင်းများနှင့်အခြားသီချင်းပေါင်းများစွာကို ရေးစပ်ဖန်တီးခဲ့သူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group