#Local_News
Published_29 December 2022

ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လအတွင်း သီလဝါ(ရန်ကုန်)ရှိ စက်သုံးဆီနှင့် ဓာတ်ငွေ့တင် ဆိပ်ကမ်းတွေကို စက်သုံးဆီတင်သင်္ဘော (၂၇၁) စီးဝင်ရောက်ခဲ့ပြီး ဆီတန်ချိန် (၄၂၇၀) တန်ကို ဆပ်ကမ်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) မှ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

ဇန်နဝါရီလတွင် (၄၆၁ ဒသမ ၉၆၉) တန်၊ ဖေဖော်ဝါရီလတွင် (၅၆၂ဒသမ ၈၁၆) တန်၊ မတ်လတွင် (၄၆၂ ဒသမ ၂၁၃) တန်၊ ဧပြီလတွင် (၁၆၈ ဒသမ ၃၇၇) တန်၊ မေလတွင် (၃၁၈ ဒသမ ၇၁၆) တန်၊ ဇွန်လတွင် (၃၅၂ ဒသမ ၀၆၁) တန်၊ ဇူလိုင်လတွင် (၃၀၄ ဒသမ ၁၂၄) တန်၊ ဩဂုတ်လတွင် (၄၁၁ ဒသမ ၅၄၅) တန်၊ စက်တင်ဘာလတွင် (၄၅၁ ဒသမ ၃၆၃) တန်၊ အောက်တိုဘာလတွင် (၄၀၂ ဒသမ ၄၉၆) တန်နှင့် နိုဝင်ဘာလတွင် (၃၇၄ ဒသမ ၂၇၄) တန် တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

 

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီတင်သင်္ဘောကြီးများ ဝင်၊ ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအစင်းရေ (၈) စင်းအထိ ရှိနေပြီး ဒီဇယ်ဂါလန် (၇၆) သန်းနှင့် ဓာတ်ဆီဂါလန် (၉၅) သန်းအထိ သိုလှောင်နိုင်ကြောင်း သိရသည်။

 

စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

#ymg/sth
#Yangon-Media_Group