#Local_News
Published_29 November 2022

 

ပြည်တွင်းဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA) သည် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန်အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ ဧရာဝတီဘဏ်လီမိတက်ကို အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်ကနေ အများနှင့်ဆိုင်သည့် ကုမ္ပဏီအဖြစ်ပြောင်းလဲရန် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိမှ တင်ပြထားကြောင်း မြန်မာနိုင်ငံပြန်တမ်းက ထုတ်ပြန်ထားသည်။

 

ကုမ္ပဏီကိုအများပိုင်အဖြစ် ပြောင်းလဲရန်အတွက် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိကို တင်ပြထားပြီး တရားရုံးအမိန့်အရ တားမြစ်ခြင်း မရှိပါက ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်တွေကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

AYA ဘဏ်ကို စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် တည်ထောင်ထားသည့် ဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ AYA ဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံတွင်း ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group