#LocalNews
Published_27 November 2022

 

MoU မြန်မာအလုပ်သမား ၉၉ ဦး ကော့သောင်းနယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၂၅ ရက်တွင် ထပ်မံထွက်ခွာခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန က သိရသည်။

 

ထိုင်းနိုင်ငံရှိ Siam Health Group Co, Ltd နှင့် Innowoods Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၄၉ ဦးကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီ J.M.K Services Co, Ltd က လည်းကောင်း၊ ထိုင်းနိုင်ငံ KL Concrete and Construction Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၅၀ ဦးကို Thet Mann Services Co, Ltd ကလည်းကောင်း ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်သမားများအနေဖြင့် (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ် ၊ ကော့သောင်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group