#Local_News
Published_22 November 2022

မလေးရှားနိုင်ငံ၌ အဆုံးစီရင်သွားသည့် မြန်မာနိုင်ငံသူ၏ရုပ်အလောင်းကို မနက်ဖြန် နိုဝင်ဘာလ ၂၃ ရက်တွင် မလေးရှားလေကြောင်း ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကပုန်းလူမှုကူညီရေးအသင်းက သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသူမှာ အသက် ၃၇ နှစ်အရွယ် ချင်းပြည်နယ် ဟားခါးမြို့ ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာက LAL HNEM SUNG & MI CHO ဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်နေထိုင်သူဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်က မိမိကိုယ်ကိုယ်အဆုံးစီရင်သဖြင့် ကွာလာလမ်ပူမြို့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ၏ မိသားစုများက ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးရန် အကူအညီတောင်းသောကြောင့် ကပုန်းလူမှုကူညီရေးအသင်း အနေဖြင့် ဒေသဆိုင်ရာ ချင်းအမျိုးသားများ (CRC)ကွန်မြူနတီ မိသားစုများနှင့် ပူးပေါင်း၍ ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် persuaran kajang ၌ ဆုတောင်းပွဲကျင်းပခဲ့ကြောင်းသိရသည်။

#ymg/mt
#Yangon_Media_Group