#Local_News
Published_19 November 2022

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။

 

အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၈ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၁ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် လုပ်သား ၁ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ရန်လုပ်သား ၂၅ ဦး ၊ ကုန်ထုတ်လုပ်သား ၂၈ ဦးကို ထပ်မံစေလွှတ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/STH
#Yangon_Media_Group