#Local_News
Published _7 November 2022

 

ပျောက်ဆုံးနေသည့် မွန်ပြည်နယ် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာနေသူ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာအား နှစ်ကရင်ရွာအထွက် သင်္ချိုင်း အနီးခြုံကြားတွင် ဓါးဒဏ်ရာ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ရွှေဟင်္သာ လူမှုကယ်ဆယ်ရေးအသင်း (မော့ကနင်)က သိရသည်။

 

နှစ်ကရင်ကျေးရွာသို့ အလည်လာသည့် နှစ်ကရင်ကျေးရွာသူမပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးဇနီးမောင်နှံနှစ်ဦး က သံဖြူဇရပ်သို့ ပြန်ရန်နှစ်ကရင်ကျေးရွာ လမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းသဖြင့်မဖူးပွင့်ကဗျာ က Wave 125i ဆိုင်ကယ် ဖြင့် နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်အချိန်တွင် လိုက်ပို့ခဲ့ရာ နေအိမ်သို့ ပြန်မလားသောကြောင့် စိတ်ပူ၍ လိုက်ရှာကြရာ နိုဝင်ဘာလ ၆ ရက် တွင် အဆိုပါနေရာ၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"အခုကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး။ မော်လမြိုင် ဆေးရုံမှာ ကုသနေပါတယ်။ ကတ်ကြေးနဲ့ ၅ ချင် ထိုးသွားတာပါ။ ဆိုင်ကယ်ကို လုယူသွားပါတယ်။ ယူသွားတဲ့ သူတို့နှစ်ယောက်ကိုတော့ မမိ သေးပါဘူး၊ သက်ဆိုင်ရာကိုတိုင်တန်းထားပါတယ်"ဟု မဖူးပွင့်ကဗျာ ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

#ymg/mt
#Yangon_Media_Group